Bullet ဂျာနယ် ထုတ်ဝေသူ ဦးလှဆွေမှ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီ အား “အတိုက်အခံဆိုတဲ့ Definition ကို ဘယ်လိုဖွင့်ဆိုမလဲ။ ကြံ့ခိုင်ရေးပါတီအနေနဲ့ အခု ပုဂံဘုရားတွေ လုပ်အားပေးတာတို့ ရေကြီးရေလျှံ တာလုပ်အားပေးတာတို့လောက်ပဲ လုပ်မှာလား။ လူမှုရေးပဲအားသန်ပြီး လုပ်တော့မှာလား၊ နိုင်ငံရေးအားဖြင့်ရော အတိုက်အခံအနေနဲ့ ဘယ်လိုရပ်တည်သွားမလဲဆိုတာ သိပါရစေ” ဟု မေးမြန်းချက်အား ဦးခင်ရီမှ ပြန်လည် ဖြေကြားချက်

တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေမှာတော့ နှစ်ပိုင်းရှိတယ်။ လက်ရှိအာဏာရပါတီ Ruling Party ခေါ်တာပေါ့။ အတိုက်အခံပါတီ Opposite Party ခေါ်တာပေါ့။ အဲတော့ Opposite အတိုက်အခံရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ အဘိဓာန်တွေမှာ အတိုက်အခံပြုခြင်း၊ ဆန့်ကျင်ခြင်း ဒီလိုခေါ်တာပေါ။ ကျွန်တော်တို့ရဲ့ အတိုက်အခံကျတော့ ကျွန်တော်တို့ပါတီကတော့ လက်ရှိအတိုက်အခံပါတီအနေနဲ့ ရပ်တည်နေတာပေါ့။ ကျွန်တော်တို့ရဲ့ အတိုက်အခံပါတီကျတော့ အရာအားလုံးကို လိုက်ပြီးတော့ ဆန့်ကျင်တာမဟုတ်ဘူး။ သူလုပ်သမှ၊ အာဏာရပါတီလုပ်သမျှ မကောင်းမြင်တဲ့စိတ်နဲ့ အရာအားလုံးကို ဆန့်ကျင်နေမှာမဟုတ်ဘူး။ တူရာတူရာ ကောင်းတာဆို ကျွန်တော်တို့အားပေးမယ်။ ပူးပေါင်းဆောင်ရွက်မယ်။ မတူတာတွေရှိမယ်။ နိုင်ငံအတွက် အကျိုး မပြုတာတွေရှိမယ်။ သွေဖည်သွားတယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လုပ်မယ့်လုပ်ငန်းစဉ်တွေ ရှိတယ်။

13259995_1772449556299849_4056879731612638617_n

တစ်က ဘာလဲဆိုတော့ ဒီပြဿနာပေါ်မှာ ထောက်ပြမယ်။ နှစ်က ကျွန်ောတ်တို့ထောက်ပြချက်ကို စောင့်ကြည့် မယ်။ သုံးကတော့ ကျွန်တော်တို့ ဒီအပေါ်မှာ လမ်းကြောင့် အမှန်မသွားရင် ဆန့်ကျင်းခြင်း၊ အတိုက်အခံပြုခြင်း ဒီလုပ်ငန်းတွေလုပ်မယ်ဆိုတာကို အဆင့်တွေခွဲထားတာရှိပါတယ်။

ဥပမာအားဖြင့်ပေါ့ ရခိုင်မှာ မစ္စတာကိုဖီအာနန်ကော်မရှင်ဖွဲ့တယ်။ ဖွဲ့တဲ့အခါကျတော့ ဒီအပေါ်မှာ ကျွန်တော်တို့ စိုးရိမ်ချက်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်တွေလုပ်ပါတယ်။ ကျွန်တော်တို့ တစ်လျှောက်လုံး ရခိုင်အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ Internal Affair ကနေထားခဲ့တာ။ Regional Affair တောင် ဒေသတွင်း ပြဿနာဖြစ်အောင် မဖော်ဆောင်နိုင်ခဲ့ဘူး။ နိုင်ငံတကာပြဿနာဆို ဝေလာဝေး၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံ တကာပြဿနာဖြစ်လာရင် နောက်ဆက်တွဲပြဿနာတွေက အများကြီးရှင်းရတော့မှာ။ ဒါပေမယ့် နိုင်ငံတကာ ပြဿနာမဟုတ်တဲ့အတွက် နိုင်ငံတကာနဲ့ အဆက်အသွယ်မလုပ်ဘူးလားဆိုတော့ စောစောကပြောခဲ့သလိုလေ။ လုပ်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်။ အဲ့လိုပဲ အချုပ်အခြာအာဏာ ဆုံးရှုံးသွားမှာလည်း စိုးတယ်။ အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့လို့လည်း ဒီဘင်္ဂါလီအရေးအခင်းက ပေါ်ခဲ့ရတာ။ ထပ်ပြီး ဆုံးရှုံးမှာစိုးတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီအပေါ်မှာ စိုးရိမ်တယ်လို့ ထောက်ပြခဲ့တာပါ။ တစ်ခါမှတ်မိမှာပါ။ ကျွန်တော်တို့ ၁၁ ပါတီ ပေါင်းပြီးတော့ ထုတ်ပြန် ကြေညာချက် ၁၀ ချက်ထဲမှာလည်း ဖွဲ့စည်းမှုကတော့ လွန်သွားပြီ။ ဆက်လုပ်မယ်ဆိုတော့ ဒါကို ဆက်ပြီး မတား တော့ဘူး။ ပြည်သူက ဒါတွေကို စိုးရိမ်နေပါတယ်ဆိုပြီး အချက် (၆) ချက် ဖော်ပြတယ်။ အဲတော့ ဒီအချက် (၆) ချက်ကို ရှင်းပေးပါ။ တစ်စုံတစ်ရာဖြစ်လာရင် ဒီသက်ဆိုင်ရာအစိုးရမှာ တာဝန်ရှိမယ်။ ဒါထောက်ပြတဲ့အပိုင်းပေါ့ နော်။ အခု ၉ ရက်နေ့မှာ ဖြစ်တဲ့ ကျီးကန်းပြင်တို့ ငါးခူရတို့ ကိုးတန်ကောက်စခန်းဖြစ်စဉ်တွေမှာလည်း ကျွန်တော် တို့ ထုတ်ပြန်ချက်တွေ ထုတ်ပါတယ်။ ဒါလည်းအပိုင်း သုံးပိုင်းပေါ့။ (၁) ကဖြစ်စဉ်ဖော်ပြတယ်။ (၂) က သေဆုံး ကျဆုံးတဲ့ ၀န်ထမ်းအဖွဲ့အစည်းတွေအတွက် အဖွဲ့အစည်းကိုရော၊ ကာယကံရှင်တွေရော၊ မိသားစုတွေရော ၀မ်းနည်းကြောင်း ပြောတယ်။ ဒီအကြမ်းဖက်မှုကို အချုပ်အခြာအာဏာနဲ့ဆိုင်တယ်။ တတိယပိုင်းကတော့ ဒီကိစ္စ ဟာ ကြိုတင်စီစဉ် အကွက်ကျကျ စီမံတဲ့ဖြစ်စဉ်ဖြစ်လို့ နိုင်ငံတော်အစိုးရက ဒီပြဿနာပေါ်မှာ ဖော်ထုတ်ပေးဖို့ အတွက်ထောက်ပြတယ်။ ဒါကထောက်ပြတဲ့အဆင့်။ ကျွန်တော်တို့ Step က ဒုတိယအဆင့်။ စောင့်ကြည့်မယ်။ ဒါကို သွေဖည်သွားတယ်ဆိုရင်တော့ ကျွန်တော်တို့ ခုနကပြောခဲ့တဲ့ အတိုက်အခံဆန့်ကျင်တဲ့ဘက်ကို သွားမယ်။ ခုန ပုဂံဘုရားကိစ္စတို့ ရေကြီးရေလျှ့တဲ့နေရာမှာ အလှူလုပ်တာကတော့ ပါတီတစ်ခုအနေနဲ့ လူထုကို ကိုယ်စားပြုတဲ့ လူမဥရေးလုပ်ငန်းစဉ် သက်သက်ပါ။ အတိုက်အခံနဲ့ မဆိုင်ပါဘူး။


Leave a Reply