မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းဘူး    မတ်     ၃၀

မင်းဘူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို မင်းဘူးခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိင်းအစည်းအဝေးသို တိုင်းပါတီအတွင်းရေးမှူးဦးဆန်းညွန့်အောင်၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး၊ မင်းဘူးခရိုင်ပါတီဥက္ကဋ္ဌဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြိုနယ်နှင့် မင်းလှမြို့နယ်မှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။