လှည်းကူးမြို့နယ်တွင် ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသအဖွဲ့ ကျေးရွာနေပြည်သူများအား ဆေးကုသမှုဆောင်ရွက်

 

ရန်ကုန် ဖေဖော်ဝါရီ ၁ဝ

ရန်ကုန်မြောက်ပိုင်းခရိုင်လှည်း ကူးမြို့နယ် အနောက်ကြာအင်း ကျေးရွာဓမ္မပါလဓမ္မာရုံတွင်ရန်ကုန် မြောက်ပိုင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်သောဖြိုးစေတနာ(အခမဲ့) နယ်လှည့်အထွေထွေရောဂါ ဆေး ကုသရေးအဖွဲ့မှ နည်လှည့်ဆေး ကုသရေးအဖွဲ့ခေါင်းဆောင်မြောက် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာ ရေးမှူး ဦးကြည်စိုး ဦးဆောင်ပြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဗိုလ်ကြီးမြတ်စိုး(ငြိမ်း)နှင့် မြို့နယ်ကော်မတီဝင်များ၊ အနောက် ကြာအင်းကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသန်းဇော်ဝင်းနှင့် ကော်မတီဝင် များ၊ အထူးကုဆရာဝန်ကြီးများ နှင့် ဆရာဝန်၊ သူနာပြု၊ ဆေးဝါး ကျွမ်းကျင်သူများပါဝင်သော ဆေး ကုသရေးအဖွဲ့သည် လှည်းကူးမြို့ နယ် အနောက်ကြာအင်းကျေးရွာ၊ ဓမ္မပါလဓမ္မာရုံတွင် ကျေးရွာနေ မိဘပြည်သူများနှင့် လုပ်သားပြည် သူများအား ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အနောက်တိုင်းဆေးဝါး ဖြင့် အခမဲ့ဆေးကုသမှုကို စဉ် ဆက်မပြတ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)