ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပ

 

၂၀၁၈ ခုနှစ် မတ်လ(၁၅)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး ခြံဝင်း၌ လူငယ်တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ် အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ပုဏ္ဏားကျွန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ရပ်/ကျေးလူငယ် အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါလူငယ်တွေ့ဆုံပွဲကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းမှ လူငယ်တွေ့ဆုံပွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်အစုအဖွဲ့တစ်ခုချင်း၏ စာတမ်းများအား
လူငယ်ခေါင်းဆောင်(၇)ဦးမှ ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။

Crd;