တစ်​ဆုပ်​ဆန်​လှူအသင်းသို့ ဆန်​နှင့်​အလှူငွေများ မတည်​လှူဒါန်းပွဲကျင်းပ

(မြစ်ကြီးနား)

မြစ်​ကြီးနားမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ၊ တစ်​ဆုပ်​ဆန်​လှူအသင်း ဆန်​နှင့်​အလှူငွေများ မတည်​လှူဒါန်းပွဲကို (၃၁-၁၀-၂၀၁၇) ရက်​​နေ့ နံနက်​ (၉) နာရီက မြို့နယ်​ပါတီရုံးအစည်းအ​ဝေးခန်းမ၌
ကျင်းပပြုလုပ်​ခဲ့ပါသည်​။

ရှေးဦးစွာ ပါတီဗဟို အလုပ်​အမှု​ဆောင်​ ၊ကချင်​ပြည်​နယ်​ပါတီဥက္ကဌ ဦးရားဝမ်​ဂျူံက အဖွင့်​အမှာစကား​ပြောကြား ပြီး မြို့နယ်​ပါတီဥက္ကဌ  ဦးညွန့်​ဝင်းက တစ်​ဆုပ်​ဆန်​လှူအသင်းနှင့်​စပ်​လျဉ်း၍ ရှင်းလင်းတင်​ပြပြီး ​ကျေးဇူးတင်​စကား​ပြောကြားခဲ့ပါသည်​။

ထို​နောက်​ အလှူရှင်​များက မတည်​ဆန်​နှင့်​အလှူငွေများ ​ပေးအပ်​လှူဒါန်းရာ ​အေးရှား​ဝေါလ်​ကုမ္ပဏီမှ ဆန်​အိတ်​ (၅၀)၊ ပြည်​ခိုင်​ဖြိုးဆွမ်း​လောင်းအသင်းမှ ဆန်​အိတ်​ (၁၀) အိတ်​၊ ကချင်​ပြည်​နယ်​ ပြည်​ခိုင်​ဖြိုးပါတီ နာယက ဦးလဂျွန်​ငန်​ဆိုင်းမိသားစုမှ အလှူငွေ (၂) သိန်းကျပ်​၊ မြို့နယ်​ပါတီမှ ဆန်​(၁၀) အိတ်​၊ ပြည်​နယ် ​​ကော်မတီဝင်​ ဦးသန်း​အောင်​မှ​ ငွေကျပ်​ ငါး​သောင်း ၊ မြို့နယ်​ပါတီနာယက ဦးမြင့်​​ငွေမှ​ ငွေကျပ်​ငါး​သောင်း၊ ပြည်နယ်​​ကော်​မတီဝင်​ ဦးသိန်းထွန်း​အေးမှ (၃၅၀၀၀ိ/-) ကျပ်​၊ ခရိုင်​ပါတီမှဆန်​( (၁) အိတ်​၊ ခရို​င်ကော်​မတီဝင်​ ဦး​ကျော်​စွာမျိုးမှ ဆန် ၂) အိတ်​၊ ခရိုင်​ကော်​မတီဝင်​ ဦးလူးကပ်​စ်​မိသားစုမှ​ ငွေ (၃၀၀၀၀ိ/-)ကျပ်​၊ ခရိုင်​/မြို့နယ်​ပါတီနာယက​ ဒေါက်​တာဦးခင်​​မောင်​ထွန်းမှ ​ငွေ(၃၅၀၀၀ိ/-) ကျပ်​၊ မြို့နယ်​အချိန်​ပိုင်း​ကော်​မတီဝင်​မျာဖြစ်​သည့်​ ဦးဂွမ်​ဂျာမှ​ ငွေ (၅၀၀၀၀ိ/-) ကျပ်​၊​ ဒေါ်နွဲ့နွဲ့အေး မှ (၃၅၀၀၀ိ /-) ကျပ်​၊ မြို့နယ်​​ကော်​မတီဝင်​များ၊ စည်းရုံးရေး မှူးများ၊​ အလှူရှင်​များက ​ပေးအပ်​လှူဒါန်းရာ အသင်းဥက္ကဌ ၊ မြို့နယ်​ပါတီဥက္ကဌ ဦးညွန့်ဝင်းက လက်​ခံရယူ ခဲ့ပြီး စု​ပေါင်းဆန်​( ၇၀) အိတ်​နှင့်​ အလှူငွေ (၁၁၃၀၀၀၀ိ/-) ကျပ်​ ရရှိလှူဒါန်းခဲ့ကြပါသည်​။

ယင်းအခမ်းအနားသို့ ဗဟိုအလုပ်​အမှု​ဆောင်​ ဦးရားဝမ်ဂျုံ (ပြည်​နယ်​ပါတီဥက္ကဌ )၊ အတွင်း​ရေးမှူး ဦးစိုးသိန်း၊ ပြည်​နယ်​​ကော်​မတီဝင်​များဖြစ်​သည့်​ ဦးတင်​​မောင်​၀င်း ၊ ဦးသန်း​အောင်​၊ ဦးသိန်းထွန်း​အေး၊ ခရိုင်​ပါတီဥက္ကဌနှင့်​​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌနှင့်​​ ကော်​မတီဝင်​များ၊ မြို့မိမြို့ဖ ရပ်မိရပ်​​ဖများ၊ ၊အလှူရှင်​များ၊ စည်းရုံး​ရေးများ၊​ ကော်မတီဝင်​များ၊​ ရှေ့​ဆောင်​စွမ်းအား၊ မ​နောသုခ​သွေးလှူရှင်​နှင့်​ လူမှု​ရေးအသင်းဝင်​များ စုံညီစွာ တက်​​ရောက်​ခဲ့ကြပါသည်​။

ယ​နေ့ရရှိလာသည့်​ ဆန်​နှင့်​အလှူငွေများ၊ လစဉ်​လှူဒါန်းရရှိလာသည့်​ တစ်ဆုပ်​ဆန်​များအား ဘာသာ၊ လူမျိုး မခွဲခြားဘဲ လူမှု​ရေးအခက်​အခဲများ၊ ဘာသာသာသနာ အလှူအတန်းများတွင်​ ပါဝင်​​ဆောင်​ရွက်​သွားမည်​ဖြစ်​ပါသည်။