မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခိုတာကျေးရွာတွင်အားကစားပစ္စည်းလှူဒါန်း ဆပ်ပြာရည်ပြုလုပ်နည်း သင်ကြားပေး

 

မဘိမ်း မတ် ၁၁

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ ပါတီအတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးလင်းလင်းတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ခိုတာကျေးရွာတွင် (၁၈)ကြိမ် မြောက် အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာ ရည်ပြုလုပ်နည်းကို သင်ကြားပေးခဲ့ရာ အမျိုးသမီး ၃၅ဦး တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဆပ်ပြာရည်ပြုလုပ်နည်း ကို လက်တွေ့သင်ကြားပေးခဲ့ပြီး ချက်လုပ် ရရှိဆပ်ပြာရည်များအား လာရောက် ကြည့်ရှုကြသည့် အမျိုးသမီးများအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က လူငယ်များ အား ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော် ခြင်းအား ပေးအပ်လှူဒါန်းခဲ့ရာ လူငယ်များ က လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇော်လွင်(မဘိမ်း)