ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် မဟာဘုံကထိန်အလှူတော်မင်္ဂလာ ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် ၊ ဒက္ခိဏသီရိမြို့ ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပ ရာ ပါတီဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သံဃာတော်များအား ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ် ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။