သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်း၏ ပြောကြားချက်များ

ဒါနဲ့ပတ်သက်ပြီးတော့ ပထမဖြေသွားတဲ့ အထဲမှာ၊ တပ်မတော်ထောက်ခံပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီက ဘာကြောင့် Participate လုပ်တယ်ဆိုတဲ့ နေရာမှာ ခုန သားမေးတဲ့ Issue ပါသွားပြီးသားဖြစ်ပါတယ်။

နိုင်ငံတကာကနေပြီးတော့ တပ်မတော်အပေါ်မှာ အမျိုးမျိုးစွပ်စွဲတာတွေ၊ ဥပမာ Genocide လုပ်တယ်။Ethnic Cleansing လုပ်မယ်။နောက်တစ်ခါ Crime Against Humanity နောက်တစ်ခါ War Crime ဒီလူသား ဖြစ်တည်မှုကို ဆန့်ကျင်တဲ့ စစ်မက် ဖြစ်ပွားတဲ့ ဒါတွေကို လုပ်တယ်ဆိုပြီး တော့ အမျိုးမျိုး စွပ်စွဲလာတဲ့ဟာတွေ ရှိပါတယ်။ ဒါတွေက အမှန်တကယ် တော့ ဖြစ်ရပ်မှန်အစီအစဉ်တွေနဲ့ လုံးဝ ကွဲပြားနေတာကို တွေ့ရမှာဖြစ်ပါ တယ်။ တကယ်တမ်း သေသွားတာက ကျွန်တော်တို့ နိုင်ငံမှာရှိနေတဲ့ သက် တို့၊ မြိုတို့၊ ဟိန္ဒူတို့၊ ရခိုင်တို့၊ ဒီလူမျိုးတွေ သေကြတာဖြစ်ပါတယ်။

နိုင်ငံတကာစာမျက်နှာမှာ ဖော်ပြ တာကတော့ ဘင်္ဂလားဒေ့ရှ်က လူတွေ သေတယ်လို့ ဖော်ပြတယ်။ အဲ့ဒီတော့ သတင်းစာထဲမှာ သားတို့ တွေ့ပါ လိမ့်မယ်။ သတင်းစာထဲမှာ ဘာတွေ့လဲဆိုရင် ဒီကနေ ထွက်ပြေးတဲ့ လူတွေ မပြေးပါနဲ့ ကိုယ့်နိုင်ငံ မှာ ကိုယ်နေပါဆိုပြီးတော့ ကျွန်တော်တို့ ဆီက ပြည်ထောင်စုဝန်ကြီးအဆင့်၊ ပြည်နယ်ဝန်ကြီးချုပ်တွေက သွား တောင်းပန်တာတောင် လုံးဝမရဘဲ ဟိုဘက်ကို ထွက်ပြေးသွားတယ်။ အားလုံးနီးပါး ရွာလုံးကျွတ် ထွက်ပြေးသွားတယ်။ ဘယ်လိုတားတား မရ ဘူး။ ဘာလို့မရလဲဆိုတော့ အဲ့လိုထွက်ပြေးသွားတဲ့လူတွေက ဟိုဘက်မှာ အင်အားများလာလို့ရှိရင် ၅ဝဝဝ၊ ၁ဝဝဝဝ ဝင်သွားတာကနေ ယနေ့ တစ်သိန်း၊ နှစ်သိန်း၊ တစ်သန်း၊ နှစ်သန်းဖြစ်လာနေပြီ။ ဒါတွေသည် တစ်ခုခုပုံရိပ်ကို လိုချင်လို့၊ နိုင်ငံရေးအရ တစ်ခုခု တောင်းဆိုမှုကို လိုချင် လို့ တမင်တကာလုပ်နေတယ် ဆိုတာ နိုင်ငံရေးအရ စဉ်းစားတတ်တဲ့ လူတိုင်း သိပါတယ်။အဲ့ဒီလိုပဲ အဲ့ဒီဟာတွေဖော်ပြပြီးတော့ ဒီလူတွေ သေခြင်းသည် ကျွန်တော်တို့တပ်မတော်က ဆောင်ရွက်ခြင်းဖြစ်တယ်လို့ အဲ့ဒီလိုစွပ်စွဲချက်တွေ ထွက် ပေါ်လာရခြင်း ဖြစ်ပါတယ်။ စပြီးအကြမ်းဖက် တဲ့ဟာက ကျွန်တော်တို့နိုင်ငံကို စပြီးအကြမ်းဖက်တာ။ ပြီးခဲ့တဲ့ သြဂုတ် လ ၂၅ ရက် ဖြစ်စဉ်တွေမှာ စခန်း ၃ဝ ကို တစ်ပြိုင်တည်းတိုက်တယ်ဆို တာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာပဲ ရှိပါတယ်။

ဒါသည် ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ Sovereignty ကို စော်ကားတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအချုပ်အခြာအာဏာကို စော်ကား တဲ့သူတွေကို ပြန်ပြီးတိုက်ခိုက်ရမှာက နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ် ပါတယ်။ တပ်မတော်ရဲ့ တာဝန်တင် မဟုတ်ပါဘူး။ အားလုံးရဲ့တာဝန် ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်လို့ ကိုယ့်နိုင်ငံအချုပ်အခြာအာဏာ လွတ်လပ် ရေးကို ကာကွယ်လို့ အဲ့ဒီလို တိုက်ခိုက်တဲ့ဟာကို ဘယ်သူမှ အကြမ်းဖက် လို့ စွပ်စွဲလို့မရဘူးဆိုတာတွေကို ကျွန်တော်တို့ နိုင်ငံတကာဥပဒေတွေမှာ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဥပဒေများအရလည်း ညီပါတယ်။ ဒါကြောင့် သူတို့စွပ်စွဲတဲ့ဟာတွေသည် တမင်သက်သက် လုပ်ကြံစွပ်စွဲတဲ့ဟာတွေလို့ ပေါ်လွင်အောင်လို့ ကျွန်တော်တို့က ပြည်သူလူထုနဲ့တပ်မတော်သည် တစ်သားတည်းရှိသည်။ ပြည်သူလူထုနဲ့နိုင်ငံကို ကာကွယ်တဲ့အဖွဲ့တွေ တစ်သားတည်းရှိတယ်ဆိုတာကို ပြတဲ့အနေနဲ့ ဒီနေ့ထောက်ခံပွဲတွေ အနယ်နယ် အရပ်ရပ်မှာ လုပ်ဆောင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ကျွန်တော်တို့ပါတီကလည်း ကျွန်တော် တို့ပါဝင်ခြင်းသည် ပြည်သူတစ်ရပ်အနေနဲ့ပါဝင်ခြင်းသာ ဖြစ်ပါတယ်။