ဗန်းမော်ပြည်ခိုင်ဖြိုးပါတီမှ တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများ လှူဒါန်း

 

၇. ၃. ၂၀၁၈နေ့တွင် ကချင်ပြည်နယ်ဗန်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသက်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ စင့်ကင်ကျေးရွာမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အ. ထ. က(၁) ကျောင်းသို့လာရောက်ဖြေဆိုကြသော ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများအား ခေါက်ဆွဲ. ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ဘောပင်များဖြင့် စေတနာထက်သန်စွာ တာဝန်ရှိ ဆရာမထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကက်သလစ်ဘုရားရှိခိုးကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း

 

မယ်စဲ့မြို့နယ် – မတ်လ ၅

၅-၃-၂၀၁၈ ရက်နေ့ ညနေ ၅း၀၀ နာရီအချိန်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့် (မယ်စဲ့မြို့နယ်တာဝန်ခံ)နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ ဘောလခဲခရိုင်ကောင်မတီဝင် ဦးနှင်းဝေ၊ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလောရင်းနှင့် မြို့နယ် ကော်မတီဝင်များသည် ပန်တိန်းတိုက်နယ် ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. ဧလိယနက်နှင့် သွားရောက်တွေ့ဆုံကာ ဘုရား၏သန့်ရှင်းသော မယ်တော် ကက်သလစ်ဘုရားရှိခိုးကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲအတွက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ(၁၅၀၀၀၀ိ/-) တိတိ သွားရောက်ပေးအပ်လှူဒါန်းကြောင်း သတင်းရရှိသည်။

မှော်ဘီပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်/ကျေးရွာဥက္ကဌနှင့် ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

မှော်ဘီမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသည့် ရပ်ကျေးပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့(7- 3- 2018)ရက်နေ့ နံနက် (09:00)နာရီအချိန်တွင် မြို့နယ်ရုံး၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်(မြောက်ပိုင်းခရိုင်တာဝန်ခံ)ဦးတင်မောင်ဝင်း၊ ဗဟိုကော်မတီဝင် (မှော်ဘီမြို့နယ်တာဝန်ခံ) ဒေါက်တာနေလင်း၊တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့် ၊ခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဌ ဦးလှဦးနှင့်မြို့နယ်ကော်မတီဝင်များ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်-ကျေးများမှ ရပ်-ကျေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးးနှင့်အဖွဲ့ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်လာရောက်တွေ့ဆုံ

‘ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဟိုပန်မြို့နယ် ပြည်ခိုင်ဖြိုးတီရုံး၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးး ဒေါက်တာလဆိုင်း၊ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဘဏ္ဍာရေးမှူးး ဦးစိုင်းခမ်းကော်နှင့် ပြည်နယ်ကော်မတီဝင် ဦးခင်မောင်ချို ၊ ကွမ်းလုံခရိုင်ပါတီ ဥက္ကဌ ဦးထွန်းရင်တို့အဖွဲ့မှ (၇-၃-၂၀၁၈) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်
ပြည်ခိုင်ဖြိုးအဖွဲ့များအား လာရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေ၊ စည်းရုံးရေးလုပ်ငန်း၊ လူငယ်ရေးရာ၊ သတင်းမီဒီယာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ မီးဘေးသင့်ပြည်သူများအားမကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီမိသားစုများမှသွားရောက်ကူညီထောက်ပံ့

 

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ မီးဘေးသင့်ပြည်သူများအား မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ မိသားစုမှ ကူညီထောက်ပံခဲ့ကြောင်းသိရသည်။ မီးဘေးသင့်ပြည်သူအိမ်ထောင်စု ၁၇၁ စုအား ငွေသားကျပ် ၄၁ သိန်း ပစ္စည်းတန်ဖိုး ၅၁ သိန်းစုစုပေါင်း ၉၂ သိန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

တက္ကသိုလ်တက်ရောက်နေသူကျောင်းသား/သူ ၁၀ ဦးနှင့်
တက္ကသိုလ်ဝင်တန်းဖြေဆိုနေသော ကျောင်းသား/သူ ၁၁ ဦးကို ကူညီထောက်ပံ့ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ

 

ရန်ကုန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်းဆင်းကုသရေးအဖွဲ့မှ (၅ဝ) ရပ်ကွက် သာသနာ့ရောင်ခြည်ဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ၄၉၊ ၅ဝ၊ ၅၁ ရပ်ကွက်များအတွင်းရှိ သွားနှင့်ခံတွင်း ဝေဒနာရှင် ၅၇ ဦးကို အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်ပေးခဲ့ သည်။

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုများဖြင့် ဆက်ကပ်ကြိုဆို

 

၅. ၃ .၂၀၁၈ ရက်နေ့ ညနေ (၃း၃၀) နာရီအချိန်တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့ ကျောင်းတက်လမ်းရပ်ကွက် ဓမ္မသုခကျောင်းတိုက် ဦးစီးပဓာနနာယက (ပြည်နယ်သံဃနာယက ဥက္ကဋ္ဌ) ဆရာတော်ကြီးအား နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသော (အဂ္ဂမဟာပဏ္ဍိတ) ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရပြီး ဆရာတော်စစ်တွေမြို့သို့ ပြန်လည်ကြွရောက်လာစဉ် ပြည်နယ်ရုံးဘေး လမ်းခုလတ်၌ စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီအမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ခရီးဦးကြိုဆို၍ လှူဒါန်းဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲကြသည်။

ကော့သောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အခြေခံအင်္ဂလိပ်စကားပြော၊ ပန်းချီ၊ မြန်မာစာ စာစီစာကုံးရေးနည်း နွေရာသီသင်တန်းများ ဖွင့်လှစ်

 

၇-၃-၂၀၁၈ ရက်နေ့တွင် နံနက်(၉း၀၀)နာရီ မှ (၁၀း၀၀)နာရီအထိ ကော့သောင်းခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ Golden Key Language Centre နှင့် NFPE မှ အငြိမ်းစား ဆရာ/ဆရာမများ ပူးပေါင်း၍ လူငယ်ရေးရာလှုပ်ရှားမှုအနေဖြင့် နွေရာသီသင်တန်းများဖြစ်သော မူလတန်းအဆင့် အင်္ဂလိပ်စကားပြောသင်တန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စကားပြောသင်တန်း၊ အခြေခံပန်းချီသင်တန်း၊ အခြေခံမြန်မာစာ စာစီစာကုံးရေးသားနည်းသင်တန်းတို့ကို အသီးသီးဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ ခရိုင်/မြို့နယ် ပါတီမကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ ပါတီဝင်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းနည်းပြများအဖြစ် ဦးထွန်းမြင့်(ခရိုင်ပါတီကော်မတီဝင်)၊ ဦးလှမိုးထွန်း(အရံခရိုင်ပါတီကော်မတီဝင်)၊ ဦးယုနိုင်(မြို့နယ်ပါတီဥက္ကဋ္ဌ)၊ ဦးဝင်းနိုင်(မြို့နယ်ပါတီကော်မတီဝင်)၊ ဒေါ်ခင်သီတာ(အငြိမ်းစားဆရာမ)၊ ဒေါ်တင်နွယ်(အငြိမ်းစားဆရာမ)၊ ဒေါ်ထိုက်ထိုက်မူအောင်(အငြိမ်းစားဆရာမ)၊ ဦးသီဟ(Golden Key) တို့ဖြစ်ပြီး သင်တန်းကာလမှာ (၇.၃.၂၀၁၈) ရက်နေ့မှ (၉.၄.၂၀၁၈)ရက်နေ့အထိ ဖြစ်ပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်

 

ကွမ်းလုံ၊ မတ် လ ၆ ရက်