တိုင်းဒေသကြီးပါတီ လုပ်ငန်းစိစစ်ရေးဆောင်ရွက်

 

ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို ဦးဆောင်၍ ပါတီလုပ်ငန်းစိစစ် ရေးအဖွဲ့တို့သည် ယမန်နေ့ နံနက် ၉ နာရီက ပါတီလုပ်ငန်းစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ ပါတီကော်မတီဝင်များ၊မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ပါတီကော်မတီဝင်များနှင့် ရှေ့လုပ် ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ဒက္ခိဏသိရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်အသစ်လဲလှယ်

 

နေပြည်တော် မတ် ၈

နေပြည်တော် ပြည်ထောင်စု နယ်မြေ ဒက္ခိဏသီရိမြို့နယ် ပါတီ ဆိုင်းဘုတ်အသစ်လဲလှယ်စိုက်ထူ ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံးတွင်ပြု လုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ နာယက ဦးခင်မောင်ဌေး၊ ဦးမှတ် ကြီးနှင့် ပြည်ထောင်စုနယ်မြေ ကော်မတီဝင်များ၊ နယ်မြေတာဝန် ခံ ဒေါ်ရီရီဝင်း၊ ခရိုင်ကော်မတီဝင် ဦးခင်မောင်ထွန်း၊မြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များအပါအဝင်ရပ်ကွက် ကျေးရွာခေါင်းဆောင်များ စုံလင် စွာတက်ရောက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မန္တလေးမြို့ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး ပဓာနနာယကဆရာတော်ကြီး၏ အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဌပူဇာမင်္ဂလာအတွက် အလှူငွေများလှူဒါန်း

 

(၈.၃.၂၀၁၈) ရက်နေ့ (၁၅း၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်းတို့သည် မန္တလေးမြို့၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တထုတိဝရအရှင်သူမြတ်အား သွားရောက်ဖူးမျှော်ကန်တော့ပြီး ဆရာတော်ကြီး၏အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဌပူဇာမင်္ဂလာအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော အလှူငွေ (၁) သိန်းကျပ်လှူဒါန်းခဲ့ပါသည်။

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ မတ်လ ၈

ယမန်နေ့(၈-၃ – ၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန် တွင် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူရွာလူငယ်ရိပ်သာတွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ ပါသည်။

မေတ္တာရောင်​ခြည်​ ​ကျောင်းတိုက်​ရှိ ဓမ္မစကူးလ်​ကျောင်းသား/​ကျောင်းသူများအား ပြင်​ဦးလွင်​မြို့ နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​များလှူဒါန်း

 

မတ်​(၈)၊ပြင်​ဦးလွင်

ပြင်​ဦးလွင်​မြို့နယ်​၊ သံမဏိစက်​ရုံ၊ ကျွဲနားထောက်စံပြကျေးရွာရှိ ​မေတ္တာ​ရောင်​ခြည်​​ကျောင်းတိုက်​ ၂၀၁၇- ၂၀၁၈ပညာသင်​နှစ်​၊ ဓမ္မစကူး​ကျောင်းသား/​ကျောင်းသူများ အာစရိယပူ​ဇော်​ပွဲနှင့်​ဆုနှင်း    သဘင်​ပွဲအခမ်းအနားကို ယ​နေ့နံနက် ​၉နာရီခွဲက ကျင်းပခဲ့ရာ ပြင်​ဦးလွင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​များ သွား​ရောက်​လှူဒါန်းခဲ့သည်​။
အခမ်းအနားသို့ ပြင်​ဦးလွင်​ခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းကြည်နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦးလင်း​ဇော်​မင်းနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ပါတီဝင်​၊ဖိတ်​ကြားထား​သောဧည့်​သည်​​တော်​များ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။
ပြင်​ဦးလွင်​မြို့နယ်​၊သံမဏိစက်​ရုံ၊ကျွဲနားထောက်စံပြကျေးရွာ၊ ​မေတ္တာ​ရောင်​ခြည်​​ကျောင်းတိုက်​ရှိ ဓမ္မစကူး​ကျောင်းသား/​ကျောင်းသူများအား မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​(၅၅)ဒါဇင်​​ပေးအပ်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။

မီး​ဘေးသင့်​ပြည်​သူများအား ​အောင်​​မြေသာစံပြည်​ခိုင်​ဖြိုးပါတီမှလှူဒါန်း

 

(၇.၃.၂၀၁၇)ရက်​​နေ့က မီး​ဘေး​ကြောင့် နေအိမ်မီး​လောင်​ဆုံးရှုံးသွား​သော ​အောင်​​မြေသာစံမြို့နယ်​၊ သရက်​ကုန်းရပ်​ကွက်​မှ မီး​ဘေးသင့် အိမ်​ထောင်​စု(၁၂)စုသည်​ သရက်​ကုန်းဓမ္မာရုံရှိကယ်​ဆယ်​​ရေးစခန်းတွင်​ ​ခေတ္တ​နေထိုင်​လျက်​ရှိရာ ​(၈.၃.၂၀၁၈)ရက်​​နေ့ နံနက်​ပိုင်းတွင်​ အောင်​​မြေသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးကိုကို​လေးနှင့်​အဖွဲ့မှသွား​ရောက်​​တွေ့ဆုံကာ အား​ပေးစကား​ပြော         ကြားခဲ့ပြီး မီး​ဘေးသင့်​အိမ်​​ထောင်​စုများအတွက်​ ​ခေါက်​ဆွဲထုပ်​၊ ကိတ်​​ခြောက်​၊ အချိုရည်​၊ ​ရေသန့်​ဗူးများ​ပေးအပ်​လှူဒါန်းခဲ့​ကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

ရပ်/ကျေး ပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲကျင်းပ

 

နတ်တလင်းမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့  (၈.၃.၂၀၁၈) ရက်နေ့ နံနက် (၁၀ )နာရီတွင် နတ်တလင်းမြို့ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ် စု(၈၄) အုပ်စုမှ ရပ်ကျေးစည်းမှူးများအား ရပ်ကျေးပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦး၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဦးသန်းဇော်၊ ထွန်း၊ ဒေါ်ထားထားနု၊ ခရိုင်ပါတီဥက္ကဌ ဦးသိန်းဇော်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်ဝေလင်း၊ နတ်တလင်းမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီမှ စည်းမှူးနှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ ယနေ့ အစည်းအဝေးသို့  အင်အား (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သတင်းနှင့်မီဒီယာ ခရိုင်တာဝန်ခံများ တွေ့ဆုံညှိနှိုင်းပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် (၆.၃.၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် သတင်းနှင့်မီဒီယာ ခရိုင်တာဝန်ခံများ တွေ့ဆုံညှိနှိုင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းပါတီကော်မတီဝင် ဦးလှခိုင်၊ တိုင်းသတင်းတာဝန်ခံ ဦးသန်းထွန်း၊ တက်ရောက်ပြီး ပထမဦးစွာ အတွင်းရေးမှူး ဦးဝင်းကိုကိုမှ အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးသတင်းတာဝန်ခံ ဦးသန်းထွန်းမှ သတင်းမီဒီယာ နှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို ချပြဆွေးနွေးပြီး တက်ရောက်လာသည့် ခရိုင်တာဝန်ခံများမှ ပြန်လည်ဆွေးနွေးရာ နေ့လည် (၂) နာရီတွင် ပြီးဆုံးပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းအတွင်းမှ ခရိုင်သတင်းတာဝန်ခံ (၆) ဦး၊ ခရိုင်အတွင်းရေးမှူး (၆) ဦးနှင့် စုစုပေါင်း (၁၅) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။