ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း တက်ရောက်အားပေး

 

နေပြည်တော် မတ် ၈

နေပြည်တော် ဇေယျာသီရိမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းသည် ယနေ့ မွန်းလွဲ ၃ နာရီက ရွှေပေးဘုန်း တော်ကြီးကျောင်း၌ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် ရွှေပေးဘုန်းတော်ကြီးကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းတွင် ဇေယျာသီရိ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးလှဌေးဝင်းက အလှူ ငွေကျပ် တစ်သိန်းလေးသောင်း၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုး ပါတီမှသင်တန်းသား သင်တန်းသူ ၂၂ဝ အတွက် ကျောင်းသုံးဗလာ စာအုပ်ဒါဇင်၂ဝ နှင့်စာရေးကိရိယာ များ၊ ဦးတင်ဝင်း၊ ဒေါ်နုတင် မိသားစုမှ အချိုရည်နှင့်မုန့်များ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ် ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို အစီ အစဉ်ခြောက်ရပ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်အောင်နှင့်အဖွဲ့၊ ပြည် ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ နာယကများဖြစ်သော ဦးခင်မောင် ဌေးနှင့်ဦးမှတ်ကြီး၊ နေပြည်တော် ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်ကော်မတီဝင် များ၊ဇေယျာသီရိမြို့နယ်ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးနိုင်ဦးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌ ဦးဇော်မျိုးခိုင်နှင့်အဖွဲ့၊ ကျောင်းသား ကျောင်းသူမိဘများ နှင့် ဖိတ်ကြားထားသူများစုစုပေါင်း ၄ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။ မွန်းလွဲ ၃ နာရီခွဲတွင်အခမ်းအနား ပြီးဆုံးခဲ့ပြီးကျန်ရှိနေသည့်ကျေးရွာ အုပ်စုများကိုလည်း ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများဖွင့် လှစ်သွားရန်ရှိကြောင်း သိရသည်။

ပေါ်ဦး