ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ် (၂၀၀) သွားရောက်လှူဒါန်းခြင်း


ဖါးဆောင်းမြို့နယ် – မတ်လ ၁၁

၁၁-၃-၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့သည် ဖါးဆောင်းမြို့နယ် ဝမ်အောင်း (ကယား) ရွာရှိဓမ္မဝိရုဠီဘုန်းတော်ကြီးကျောင်း သို့ သွားရောက်ကာ ဆရာတော်ကျောင်းတိုက် တည်ဆောက်ရန်အတွက် ဘိလပ်မြေအိတ် (၂၀၀) သွားရောက် လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော် ဘန္ဒဇောတိကတဇမေဒါနန္ဒထံမှ ငါးပါးသီလခံ ဆောက်တည်ကာ ဆရာတော်ဘုရားအား ပါတီဝင်များနှင့်အတူ ကန်တော့ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီက တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်အတူ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး


ပြည် မတ် ၁၁

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်းမြို့နယ် အရာတော်အုပ်စု သရက်တစ်ပင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ယမန်နေ့နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးရာ ပေါက်ခေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်နှင့် ကော်မတီဝင်များက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီ ရပ်/ကျေးပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲကျင်းပ

ရန်ကုန် ။ မတ်လ ၁၁

ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင်  (၁၁.၃.၂၀၁၈) ရက်နေ့ ​နေ့လည် (၁ ) နာရီတွင် ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်အတွင်းရှိ ရပ်​ကွက်​ (၂၇) ရပ်​ကွက်​မှ ရပ်ကျေးစည်းမှူးများအား ရပ်ကျေး ပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ရပ်/ကျေးပါတီဥက္ကဋ္ဌများအဖြစ် ပြောင်းလဲခန့်အပ်ပွဲအခမ်းအနား မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

မော်လမြိုင် မတ် ၁၁

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူး များအား ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ အဖြစ် တာဝန်ပြောင်းလဲပေးအပ်ပွဲကို မော်လမြိုင်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ဆောင်

ရန်ကုန် မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် ဖြိုးစေတနာ အခမဲ့ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၁ဝ နာရီက ဘလုတ်ညွန့်ကျေးရွာ ကံသာအေးဘုန်းတော် ကြီးကျောင်းတွင် ကျန်းမာရေးအခမဲ့စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် မြို့နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ဖက်ရှည်ကျေးရွာ ရပ်/ကျေးဥက္ကဌနှင့် အမာခံများအား တွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမြင့်စိုး အပါအ၀င် မြို့နယ်ပါတီကော်မတီဝင်များသည် သပိတ်ကျင်းမြို့နယ် ဖက်ရှည်ကျေးရွာတွင် ရပ်/ကျေးဥက္ကဌနှင့် အမာခံများအား ၇.၃.၂၀၁၈ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ဆုံပြီး လက်​ရှိနိုင်​ငံ​ရေး အ​ခြေ​​နေများနှင့်ေ​ရှ့ဆက်လက်​ဆေင်​​​ရွက်​မည့်​လုပ်​ငန်းစဉ်​များ ​ဆွေး​​နွေးခဲ့ကြ၍ ကွင်း ၂၉ ​ကျေးရွာတွင်​ ကွင်းဆင်း​ဆောင်​ရွက်​ခဲ့ကြသည်​ ။
ဆက်​လက်​ပြီး အတွင်း​ရေးမှူးနှင့်​အဖွဲ့သည်​ ဝက်​​သေ​ကျေးရွာတွင်​ ရပ်​/​ကျေး ​ကော်​မတီဝင်​များနှင့်​​လည်း ​တွေ့ဆုံခဲ့ကြသည်​ ။

မကွေးခရိုင်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

 

မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း၀၀ နာရီတွင် တိုင်းပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ခရိုင်ကော်မတီ/အရံကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူးမှ မျက်မှောက်နိုင်ငံရေးအခြေအနေများ၊ တိုင်းပါတီကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်စဉ်များအား ရှင်လင်းမှာကြားခြင်း၊ ခရိုင်ပါတီဥက္ကဌမှ တိုင်းပါတီ၏လမ်းညွှန်ချက်များ၊ ခရိုင်ပါတီကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ မိမိတို့ မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ တိုင်းပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီဥက္ကဌတို့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးညှိနှိုင်းကြကာ အများသဘောတူဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပြီး ၁၁း၅၃ နာရီအချိန်တွင် အစည်းအဝေး ကို ရုတ်သိမ်းခဲ့ပါသည် ။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ခရိုင်/ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်အဖွဲ့များအား လာရောက်တွေ့ဆုံ

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်း ပြည်နယ်လူငယ်ရေးရာကော်မတီ    ဥက္ကဌ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်နှင့် ပြည်နယ်ကော်မတီဝင် ဦးခင်မောင်ချို လောက်ကိုင်ခရိုင် ပါတီဥက္ကဌ ဦးထွန်းရင်၊ ခရိုင်အတွင်းရေးမှူး ဦးလျိုမောင်မောင်တို့ အဖွဲ့သည် ယနေ့ (၈-၃-၂၀၁၈) ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် ခရိုင်/ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေး ကော်မတီဝင်များနှင့်အဖွဲ့များအား လာရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေနှင့်          စည်းရုံးရေးလုပ်ငန်း လူငယ်ရေးရာ၊ သတင်းမီဒီယာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှုဆောင်ရွက်ခဲ့ပါသည်။

ရှေ့တန်းပြန်တပ်မတော်သားများကို ဟုမ္မလင်းပြည်ခိုင်ဖြိုးပါတီကြိုဆို

 

ဟုမ္မလင်းမြို့ အမှတ် (၃၇ဝ) ခြေမြန်တပ်ရင်းမှ ရှေ့တန်းပြန်တပ်မတော်သားများသည် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ဟုမ္မလင်းမြို့သို့ အမြန်ရေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ ဟုမ္မလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးရဲဝင့်ခိုင်နှင့် မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင်များ၊အရန်မြို့နယ်ပါတီကော်မတီ ဝင်များနှင့် ပါတီဝင်များအင်အား ၄၂ဦး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး(ငြိမ်း) ဦးစန်းရွှေနှင့်ဇနီး ဒေါ်ကြည်ကြည်ရွှေမိသားစု၊ ဌာန ဆိုင်ရာဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရှမ်းနီ တိုင်းရင်းသားများစာပေနှင့်ယဉ် ကျေးမှုကော်မတီအဖွဲ့၊လေတပ်စခန်း ဌာနလေတပ်ချုပ်ဗိုလ်ချုပ် အောင် ကိုကိုကျော်နှင့် လေတပ်/ကြည်း တပ်မှတပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်နှင့်မိသားစုဝင်များ ကအကပဒေသာများ၊အောင်သပြေ ပန်းစည်းနှင့်ပန်းကုံးစွပ်၍ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

၉. ၃ . ၂၀၁၈

ပခုက္ကူမြို့သိဒ္ဓိဇေယျာအောင်မင်္ဂလာ စေတီတော်မြတ်ကြီး(၁၂၅)နှစ်ပြည့် (၂၅)ကြိမ်မြောက် ဗုဒ္ဓ၊ဓမ္မ၊သံဃာပူဇာ နှင့်ပခုက္ကူမြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့(၉.၃.၂၀၁၈)
ရက်နေ့ နံနက် ၆ နာရီ အချိန်မှစ၍ပင့်သံဃာတော် နှင့်သီလရှင်စုစုပေါင်း(၂၈၀)ပါးတို့အားဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္တု အစုစုတို့ကို စုပေါင်း လောင်းလှူပူဇော်ခဲ့ကြပါသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသိန်းထွန်းနှင့်အတူ ပခုက္ကူခရိုင်ကော်မတီဝင်များ ပခုက္ကူမြို့နယ်ပါတီကော်မတီဝင်များ အမျိုးသမီးရေးရာအဖွဲ့များပူးပေါင်းပြီးကုသိုလ်ပြုလောင်းလှူခဲ့ကြပါသည်။