ရပ်/ကျေးပါတီဥက္ကဋ္ဌများအဖြစ် ပြောင်းလဲခန့်အပ်ပွဲအခမ်းအနား မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

မော်လမြိုင် မတ် ၁၁

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူး များအား ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ အဖြစ် တာဝန်ပြောင်းလဲပေးအပ်ပွဲကို မော်လမြိုင်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

အဆိုပါတာဝန်ပြောင်းလဲပေးအပ်ပွဲကို ပြည်နယ်ပါတီကော်မတီဝင် (လူငယ်ရေးရာတာဝန်ခံ) ဒေါက်တာ တိုးတိုးအောင်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး၊ မော်လမြိုင်ခရိုင်အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ ခရိုင်ကော်မတီဝင် ဒေါ်ဥမ္မာဌေး၊ မြို့နယ်ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ ရပ်ကွက်နှင့်ကျေးရွာစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် ဒေါက်တာတိုးတိုးအောင်က အဖွင့်မှာစကားပြောကြားပြီး ပြည်နယ် ပါတီကော်မတီဝင် ဦးလွင်မိုးမှ လမ်းညွှန်အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညီညီထွေးက မြို့နယ် ပါတီမှ မြို့နယ်ပါတီ၏လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပြည်နယ်/ ခရိုင် ပါတီများ၏ လမ်းညွှန်ချက်များအား ဆွေးနွေးပြောကြားပြီး ရပ်ကွက်နှင့်ကျေးရွာစည်းရုံးရေးမှူးများမှ ရပ်ကွက်နှင့် ကျေးရွာပါတီ လှုပ်ရှားမှုများ၊ မြို့နယ်ပါတီ၏ လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများ ကို တင်ပြဆွေးနွေးကြခဲ့သည်။

ယင်းနောက် ရပ်ကွက်နှင့် ကျေးရွာပါတီစည်းရုံးရေးမှူးများအား ရပ်ကျေးပါတီဥက္ကဋ္ဌများအဖြစ် ပြောင်းလဲတာဝန် ပေးအပ်သည့် ခန့်အပ်လွှာများအား ပြည်နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာတိုးတိုးအောင်၊ ဦးလွင်မိုး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ မြို့နယ်ပါတီ အတွင်းရေးမှူးတို့မှပေးအပ်ရာ ရပ်ကွက် နှင့်ကျေးရွာပါတီစည်းရုံးရေးမှူးက လက်ခံရယူခဲ့သည်။

အောင်မောင်း(ရာမညမြေ)