ရှားတောမြို့-မတ်လ ၁၃
၁၃.၃.၂၀၁၈ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဒေါလဲဒူကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပါ သည်။
ပြီးနောက် ဒေါလဲဒူဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ပေးသော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်သော ကလေးသူငယ်များနှင့် မိဘများ ၁၂၀ ဦးတို့အား ခေါက်ဆွဲကျော် အာဟာရ ကျွေးမွေးပါသည်။
၎င်းနေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကလေးသူငယ်များအား အာဟာရကျွေးမွေးရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပေါလူ၊ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ ဒေါလဲဒူရွာ ယဉ်ကျေးလိမ်မ္မာ သင်တန်းသူ/သားများ ကလေးမိဘများ စုစုပေါင်း (၁၂၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။