ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ဟုမ္မလင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့၊ နေ့လည် (၁) နာရီအချိန် ပါတီအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရဲဝင့်ခိုင်၊ အတွင်းရေးမှူး ဦးသိန်းပိုနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ အခမ်းအနားကို ညနေ (၃) နာရီတွင် အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ပါသည်။

ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီသည် ယနေ့ မွန်းလွဲ ၁ နာရီ တွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ အခမ်းအနားများကို တိုက်နယ်အလိုက် ကျင်းပလျက် ရှိရာ ယနေ့တွင် ဒိုက်ပျက် တိုက် နယ်သင်တောကရက်ကျေးရွာအုပ်စု မိုးမခကျေးရွာတွင်ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ဥက္ကဋ္ဌ နှင့် ကော်မတီများ၊ တိုက်နယ် တာဝန်ခံနှင့်အဖွဲ့များ၊ အရန်ကော် မတီဝင်များ၊ အဆိုပြုလွှာ စုပေါင်း ပေးအပ်ကြသည့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပါတီဝင် ၂၅ဝ ပေးအပ်ပြီး အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင်ပြီးဆုံးကြောင်း၊ အခမ်းအနားအပြီးတွင် မြို့နယ် ပါတီကော်မတီဝင်များက ပါတီဝင် အသစ်များအားပါတီရင်ထိုးတံဆိပ် များ အမှတ်တရ တပ်ဆင်ပေးခဲ့ ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်းအား ယမန်နေ့နံနက် ၉ နာရီ က မြို့နယ်ပါတီပြည်ထောင်စုခန်းမတွင် ဖွင့်လှစ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးသန်းဝင်းထွန်း၊ ခရိုင် ပါတီအတွင်းရေးမှူး ဦးမြတ်မျိုးညွန့်၊ ခရိုင်ကော်မတီ ဝင် ဦးနိုင်သန်းထွန်း၊ ဦးသက်အောင်ဇော်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုးခိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူဦးရေ ၆ဝတက်ရောက်ခဲ့ ကြောင်း သိရသည်။ သင်တန်းကာလမှာ ယမန်နေ့မှ ယခုလ ၂၈ ရက်ထိဖြစ်ကြောင်း သိရသည်။

ကျေးရွာပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အသစ်အဆိုပြုလွှာ ပေးအပ်ပွဲကျင်းပ

 

ထားဝယ်မြို့နယ် ရှမ္မတွင်းကျေးရွာပါတီ ဆိုင်းဘုတ်တင်ပွဲ၊ ကျေးရွာပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အသစ်အဆိုပြုလွှာ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၃နာရီက ကျင်းပရာ နယ်မြေတာဝန်ခံဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး တက်ရောက်ပြီး ကျေးရွာပါတီဝင်ထုနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။


ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးတွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်လှစ်

 

ရမည်းသင်း ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့် ပွား)သင်တန်းကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့ရှိ ခရိုင်ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းကို ယခုလ ၂၅ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင် ကြားခဲ့သည်ဟု သိရပြီး ရမည်း သင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ၊ ကော်မတီဝင်များ စုစုပေါင်း ၃ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဦးခင်မောင်စိုး မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်တောင်ပိုင်း ခရိုင် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသောခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများက မိမိတို့ ခရိုင်နှင့်    မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးတင်ပြခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံပွဲကျင်းပ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်aရးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လူငယ်တွေ့ဆုံပွဲကို ယခုလ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် မိုးညှင်းပြည်ခိုင်ဖြိုး ဧည့်ရိပ်သာယာယီမဏ္ဍပ်ပြုလုပ်ခဲ့ရာ မိုးညှင်း၊ မိုး ကောင်း၊ ဖားကန့်မြို့နယ်များမှ ပါတီဝင်လူငယ်၂၅၂ဦး တက်ရောက်ခဲ့သည်။

ရေဖြူမြို့နယ်တွင် ပါတီဝင်အသစ်များ ထပ်မံဝင်ရောက်လာ

တနင်္သာရီတိုင်းဒေသကြီး ၊ရေဖြူမြို့နယ်၊ဧကနိကျေးရွာတွင် ရပ်ကျေးပါတီ ဥက္ကဌတာဝန်ပေးအပ်ပွဲနှင့်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ ဖြင့် ဖွင့်လှစ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေမှူး၊တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံဒေါက်တာကျော်ကျော်ဌေး၊တနင်္သာရီတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းအောင် အတွင်းရေးမှူး ဦးနေမျိုး ၊ဗဟိုကော်မတီဝင် ဦးမောင်စိန် နှင့်တိုင်းဒေသကြီးကော်မတီဝင်များ၊ခရိုင်ပါတီကော်မတီဝင်များ၊ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များနှင့် ရပ်ကွက်ကျေးရွာပါတီများနှင့် ရပ်မိရပ်ဖများ၊ပြည်ခိုင်ဖြိုးပါတီ ထောက်ခံအားပေးသော ပြည်သူများအင်အား ၂၀၀ ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှအဖွင့်အမှာစကားပြောကြားပြီး၊ရပ်ကျေး ပါတီ ဥက္ကဋ္ဌ များအားတာဝန်ပေးအပ်ခဲ့သည်။
ယင်းအခမ်အနားတွင် ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒ ၊လုပ်ဆောင်ချက်များကြိုက်နှစ်သည့်အတွက် ဖာချောင်းကျေးရွာအုပ်စု၊ဧကနိကျေရွာအုပ်စု၊ကျောက္ကညှာကျေးရွာအုပ်စု များမှ ပါဝင် အသစ် အင်အား (၇၃)ဦးမှပါတီဝင် အဆိုပြုလွှာပေးအပ်ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်အတွင်းရေးမှူးနှင့်အဖွဲ့ သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များ ဆွေးနွေး

 

မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း မြင်းခြံခရိုင်သင်တန်းကို မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပပြီး သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကားကို ဗဟိုပါတီ ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးဝင်းမောင်မှ ပြောကြားပြီး သင်တန်းတက်ရောက်သူ (၅၂) နှင့် တိုင်းခရိုင် ပါတီကော်မတီဝင်များနှင့် မြင်းခြံခရိုင်အတွင်းရှိ လေးမြို့နယ်မှ ပါတီကော်မတီဝင်များ တက်ရောက်ပြီး သင်တန်းကို (၁၀း၀၀) နာရီအချိန်မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။