ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်အတွင်းရေးမှူးနှင့်အဖွဲ့ သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များ ဆွေးနွေး

 

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပြည်နယ်ကော်မတီဝင် ဦးခင်မောင်ချို ၊ဦးစိုင်းစိန်​လင်းတို့ပါဝင်သော ပြည်နယ်အဖွဲ့မှ သီ​ပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ၂၆.၂.၂၀၁၈ ရက်နေ့ ၀၉း၃၀ အချိန်​က ပါတီလူငယ်ရေးရာကိစ္စရပ်များ၊ မီဒီယာကိစ္စရပ်များကို ဆွေးနွေးကျင်းပပြုလုပ်ခဲ့ရာ ကျောက်မဲခရိုင်ကော်မတီဝင် ဦးအုန်း​မောင်​၊ မြို့နယ်ဥက္ကဋ္ဌ ဦး​အောင်​​အောင်​နှင့် မြို့နယ်ကော်မတီဝင်များ ရပ်/ကျေးပါတီအဖွဲ့များ တက်ရောက်ခဲ့ကြသည် ။
ဆွေး​နွေးပွဲတွင်​ ပြည်​နယ်​ပါတီအတွင်း​ရေးမှူး ​ဒေါက်​တာလဆိုင်းက ၂၀၂၀ ပါတီ​အောင်​နိုင်​​ရေးအတွက်​ စုဖွဲ့အားစိုက်​​ဆောက်​ရွက်​ရာတွင်​ ​ဒေသနှင့်​ကိုက်​ညီသည့်​ နည်းလမ်းများဖြင့်​ ​ဆောင်​ရွက်​ရန်​၊ ပြည်​နယ်ပာ​တီ ဘဏ္ဏာ​ရေး နှင့်​လူငယ်​တာဝန်​ခံက လူငယ်​နှင့်​ မီဒီယာကဏ္ဏအား ရပ်​​ကျေးအဖွဲများအထိ ထည်းထည်းဝင်​၀င်​ ​ဆောင်​ရွက်​ရန်​၊ ပြည်​နယ်​ပါတီ လုပ်​ငန်းစီစစ်ရေး​ကော်​မတီဝင်​ ဦးစိုင်းစိန်​လင်းမှ ပါတီစည်းရုံး​ရေး​ဆောင်​ရွက်​ရာတွင်​ ပရဟိတအဖွဲ့များတွင်​ ၀င်​​ရောက်​ပါဝင်​ခြင်းဖြင့်​ ​ဆောင်​ရွက်​ကြရန်​၊ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးခင်​​မောင်​ချိုက ပါတီ​အောင်​နိင်​​ရေးအတွက်​​ ဆောင်​ရွက်​ရာတွင်​ ယ္ခင်​ ​ရွေး​ကောက်​ပွဲအ​တွေ့အကြုံများနှင့်​အတူ သတိနှင့်​ယှဉ်​ပြီး ​ဆောင်​ရွက်ကြရန်​တို့ ​ဆွေး​နွေးကြပါသည်​။
ထို့​နောက်​ တက်​​ရောက်​လာကြ​သော မြို့နယ်​ /အရံ​ကော်​မတီနှင့်​ ရပ်​/​ကျေး အဖွဲ့ဝင်​များက ပကတိဖြစ်​​ပေါ်​နေ​သော အ​ခြေအ​နေနှင့်​ ​စည်းရုံး​ဆောင်​ရွက်​လျှက်​ရှိသည့်​အ​ခြေအ​နေတွင်​ ​တွေ့ကြုံ​နေရသည့်​ အခက်​အခဲများကို ရှင်းလင်း​ဆွေး​နွေးခဲ့ကြပြီး ပြည်​နယ်​ပါတီ အတွင်း​ရေးမှူးက ပြန်​လည်​ဖြည့်​စွက်​​ဆွေး​နွေးကာ အခမ်းအနားကို ၁၂း၅၅​ အချိန် ​အောင်​မြင်​စွာပြီး​မြောက်​​စေခဲ့ပါသည်​။
အဆိုပါ ​တွေ့ဆုံ​ဆွေး​နွေးပွဲသို့ ပြည်​နယ်​၊ ခရိုင်​၊ မြို့နယ်​ပါတီဝင်​ စုစု​ပေါင်း ၂၈ ဦး တက်​​ရောက်​ခဲ့ပါသည်​။

Crd;