မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း မြင်းခြံခရိုင်သင်တန်းကို မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပပြီး သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကားကို ဗဟိုပါတီ ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးဝင်းမောင်မှ ပြောကြားပြီး သင်တန်းတက်ရောက်သူ (၅၂) နှင့် တိုင်းခရိုင် ပါတီကော်မတီဝင်များနှင့် မြင်းခြံခရိုင်အတွင်းရှိ လေးမြို့နယ်မှ ပါတီကော်မတီဝင်များ တက်ရောက်ပြီး သင်တန်းကို (၁၀း၀၀) နာရီအချိန်မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။