ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ရွှေပြည်သာယာကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ချီးမြှင့်

 

ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်အုပ်စု၊ ရွှေပြည်သာယာကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာများမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်ထောင်နယ်မြေဥက္ကဋ္ဌ ဦးဝေလွင်မှ ပါတီ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် ရွှေပြည်သာယာကျေးရွာပါတီဥက္ကဋ္ဌ ဦးကိုကြီးနှင့် သစ်ဆိမ့်ပင်ကျေးရွာမှ လူငယ်ရေးရာတာဝန်ခံ ဦးကျော်မင်းထွန်းတို့မှ ပါတီဝင်အဆိုပြုလွှာများပေးအပ်ခဲ့ရာ ပျဉ်းမနားမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီမှ လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ပါတီဝင်သစ် ၁၈၇ ဦးအတွက် ပါတီဝင်ကြေးများအား ရွှေပြည်သာယာကျေးရွာမှ ဦးနိုင်ဦးကပေးအပ်ရာ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဝင်းမြင့်မှလက်ခံရယူခဲ့သည်။

ယင်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များမှ ပါတီဝင်သစ်များအား ပါတီတံဆိပ်ရင်ထိုးများတပ်ဆင်ပေးခဲ့ပြီး ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ပြည်သူ့ဆက်ဆံရေး