ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ် ကျောက်ပန်းတောင်း ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်းသစ်ပင်စိုက်ပျိုး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ် ဗဟိုပါတီညီလာခံ (၂ဝ၁၆) အောင်မြင်စွာ ကျင်းပပြီးစီးခြင်း အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စက်တင်ဘာလ (၃) ရက် နံနက် ၇ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ စုပေါင်း၍ ကျောက်ပန်းတောင်းမြို့ အရှေ့မြို့ပတ်လမ်းတွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးနေလင်းနှင့် ရပ် ကွက်၊ကျေးရွာများမှ အသင်းဝင် လူငယ်မောင်မယ်များ စုစုပေါင်း အင်အား ၁၂ဝ တို့က မဲဇလီ၊ စိန်ပန်း၊ တမာ၊ ကုက္ကို၊ အော်ရေးရှား၊ ယူကလစ်၊ လျှော်ဖြူနှင့် ရေတမာအစရှိသည့် အရိပ်ရသစ်ပင် ၁၂ဝကို လမ်းဘေး ဝဲ/ယာ တစ်လျှောက် တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)


Leave a Reply