မင်းပြားမြို့နယ်ပါတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များသည် ဒီဇင်ဘာ (၁၀) ရက် မွန်းတည့် ၁၂ နာရီအချိန်က ပွင့်ထီးအုပ်စု ပွင့်ထီးကျေးရွာသို့ ကွင်းဆင်း၍ ဘုန်းတော်ကြီးကျောင်း၌ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့် တွေဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါတွေဆုံပွဲတွင် ခရိုင်ပါတီအလုပ်အမှုဆောင် ဦးသခင်ချိုမှ အဖွင့်အမှာ စကားပြောကြားပြီး မင်းပြားမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်းမှ တွေ့ဆုံရခြင်းအကြောင်းရင်းပတ်သက်၍ လည်းကောင်း၊ ယနေ့ ဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများ၊ ဒေသတွင်း စိန်ခေါ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ရပ်မိရပ်ဖ ဦးမောင်သိန်းလှမှ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေမှုအား လည်းကောင်း၊ စည်းရုံးရေးမှူး ဦးရဲထွန်းအောင်မှ စာသင်ကျောင်း ဖြစ်မြောက်အောင် အကူညီပေးနိုင်ရေး များအား တင်ပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းပြီး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းရွှေမှ ကျောင်းဆောက် လုပ်ရန်အတွက် အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

#အောင်စောသန်း


Leave a Reply