ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးတွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်လှစ်

 

ရမည်းသင်း ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့် ပွား)သင်တန်းကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့ရှိ ခရိုင်ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းကို ယခုလ ၂၅ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင် ကြားခဲ့သည်ဟု သိရပြီး ရမည်း သင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ၊ ကော်မတီဝင်များ စုစုပေါင်း ၃ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။

သင်တန်းတွင် နိုင်ငံတကာရေးရာ၊လွှတ်တော်ရေးရာ၊ဖွဲ့စည်းပုံအခြေခံဥပဒေ၊ရခိုင်အရေးနှင့်ဘင်္ဂါလီအရေး၊ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊နိုင်ငံတော် စီးပွားရေး၊လူထုဟောပြောခြင်း၊ ခေါင်းဆောင်မှုဆိုင်ရာ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် အစရှိသောဘာသာရပ်များ၊ ဒေါက်တာမောင်သင်းက စည်းရုံးရေးနှင့် ပညာရေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးက လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ ဦးကျော်မြင့်၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီ ရမည်းသင်းခရိုင်     နယ်မြေတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်သန်းတင့်(ရမည်းသင်း)