ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်

 

ကွမ်းလုံ၊ မတ် လ ၆ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဘဏ္ဍာ ရေးမှူး ဦးစိုင်းခမ်းကော်၊ ပြည်နယ်ကော်မတီဝင် ဦးခင်မောင်ချို ၊ ကွမ်းလုံခရိုင်ပါတီဥက္ကဌ ဦးထွန်းရင်တို့ ပါဝင်သောအဖွဲ့သည် ကွမ်းလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ၂၀၁၈ မတ် လ ၆ ရက်နေ့ နေ့လည် (၁၄း၃၀) နာရီအချိန်က ကွမ်းလုံမြို့နယ်ပါတီရုံးတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည် ။ ဆက်လက်၍ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ဦးစိုင်းခမ်းကော်က လက်ရှိနိုင်ငံရေးအခြေအနေ၊ ပါတီလူငယ်ရေးရာကိစ္စရပ်များ၊ မီဒီယာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ၂၅- ၂ – ၂၀၁၈ ရက်နေ့ ရန်ကုန်မြို့ တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီ ( ၂၁ ) ပါတီတွေ့ဆုံပွဲမှ ကောက်နုတ်ချက် (၇) ချက်ကိုဖတ်ကြားခဲ့သည် ။
၎င်းနောက်ပြည်နယ်ကော်မတီဝင် ဦးခင်မောင်ချိုမှ လက်ရှိနိုင်ငံရေးအနေအထားများကို ပြောကြားခဲ့ပြီး တက်ရောက်လာသူ မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေးးကော်မတီများမှ အသီးသီးဆွေးနွေးခဲ့သည် ။
၎င်းနောက်ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းမှ နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည် ။
အခမ်းအနားသို့ ကွမ်းလုံခရိုင်ပါတီဥက္ကဌ ဦးထွန်းရင်နှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ဥက္ကဌ ဦးအောင်ကျော်ထွန်း၊ အတွင်းရေးမှူး ဦးစိုးနိုင်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များ စုစုပေါင်း( ၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည် ။

Crd;