ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ထမ်းရန် လျှောက်ထားမှု ရက်ထပ်တိုး

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လိုသူများအနေနှင့် အဆိုပြုလွှာ များကို သြဂုတ်လအထိ တိုးမြှင့်လျှောက်ထားခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၄ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ (more…)


ရှမ်းပြည်နယ်အစိုးရက တားမြစ်သော်လည်း လူငယ်ညီလာခံ ကျင်းပမည်

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ကျောက်တိုင်ကွင်း၌ ၅ ရက်တာ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဆက်လက်မလုပ်ဆောင်ဘဲ ဆိုင်းငံ့ထားရန် စရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ကျောက်တိုင်ကွင်း၌ ၅ ရက်တာ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဆက်လက်မလုပ်ဆောင်ဘဲ ဆိုင်းငံ့ ထားရန် စာပို့ထားသော်လည်း ညီလာခံကို ဆက်လက်လုပ်ဆောင်မည်ဟု သတင်းရရှိသည်။

(more…)


ယခုပညာသင်နှစ်မှစ၍ ဥပဒေအထူးပြုတတိယနှစ်တွင် လူ့အခွင့်အရေးဥပဒေဘာသာရပ်သင်ကြားမည်

တတိယနှစ်ဥပဒေအထူး ပြုဘာသာရပ်ကျောင်းသားများအား လူ့အခွင့်အရေးဥပဒေ (Human Rights Law) ဘာသာရပ်ကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် စတင်သင်ကြားမည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သတင်းရရှိသည်။ လူ့အခွင့်အရေးဥပဒေ (Hu-man Rights Law) ဘာသာရပ်ကို တက္ကသိုလ် ၁၈ ခုတွင် နေ့တက်နှင့် အဝေးသင် တက်ရောက်နေသည့် တတိယနှစ်သင်တန်းသားများအား သင်ကြားပေးမည် ဖြစ်သည်။ (more…)


သံတွဲပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၅) ရက် နေ့လည် (၁၂) နာရီအချိန်က ခရိုင်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီဝင်၊ အရန်ကော်မတီဝင်များအား ဇုံနယ်အလိုက် နယ်မြေသတ်မှတ်ခြင်း၊ ရေးရာကဏ္ဍများ အလိုက် တာဝန်ခွဲဝေခြင်း၊ ပါတီအဆင့်ဆင့်မှ ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပညာဒါနသင်တန်းများ ဖွင့်လှစ် သင်ကြားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပါတီရုံးတွင် (၉) တန်း၊ (၁၀) တန်း ပညာဒါနသင်တန်းများအား ဝါရင့်ဆရာ/ဆရာမများမှ နေ့စဉ် နေ့လည် (၁) မှ ညနေ (၄) နာရီခွဲအချိန်အထိ ဖွင့်လှစ်သင်ြကားပေး လျှက်ရှိသည်။

“ဖြိုးစေတနာရှင်” လူမှု ကူညီရေးအဖွဲ့မှ ဆေးကုသရန် ထောက်ပံ့လှူဒါန်း

မန္တလေးမြို့ ၆၆ လမ်း ကုတင် ၅၀၀ ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော အသက် (၇) နှစ်အရွယ် ကလေးငယ်မိဘများမှာ ရှမ်းလူမျိုး များဖြစ်ပြီး ဗမာစကားလုံးဝမတတ်ကြောင်းနှင့် ယင်းကလေးမှာ သီပေါမြို့မှ ဖြစ်ပြီး ခွဲစိတ်ကုသရန် ငွေကြေးပြည့်စုံ လုံလောက်မှု မရှိသဖြင့် လူမှုရေး အဖွဲ့အစည်းများမှ တတ်နိုင်သရွေ့ ကူညီ ထောက်ပံ့ရန် ၂၀.၇.၂၀၁၆ ရက်နေ့ တွင် လူမှုကွန်ယက် face book မှတဆင့် အကူအညီတောင်းခံချက်အရ TYM လူငယ်အဖွဲ့မှ ကိုစိုင်းအွမ်ခေးနှင့် ဆက်သွယ်၍ သီပေါမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်း ထားရှိသော “ဖြိုးစေတနာရှင်” လူမှု ကူညီရေးအဖွဲ့မှ ဇူလိုင်လ (၂၅) ရက်နေ့တွင် အလှူငွေကျပ် ၅၀၀၀၀ိ/-အား မန္တလေး ကမ္ဘောဇဘဏ်သို့ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

တနိုင်းပြည်ခိုင်ဖြိုး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

ကချင်ပြည်နယ်၊ တနိုင်းမြို့ ရေဘေးဒုက္ခသည်စခန်းရှိ မြို့မဘုန်းကြီးကျောင်း တွင်း ရေဘေးဒုက္ခကြောင့် ခိုလှုံရောက်ရှိနေကြသော ဒေသခံပြည်သူများ (ကျား၊ မ၊ ကလေး) စုစုပေါင်း (၆၀၀) အား တနိုင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကို ဦးဆေါင်၍ မြို့နယ်ပါတီ ကော်မတီဝင်များသည် ဇူလိုင်လ (၂၅) ရက်က ဆန် (၁၀) အိတ်၊ ဆီ (၅)ပုံး၊ ရေသန့် (၂၀)ကဒ်၊ ခေါက်ဆွဲခြောက် (၁၀)ဖာ၊ ဆားတစ်အိတ် စုစုပေါင်း တန်ဘိုး ၅သိန်းကျော်အား သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်ပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်က ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန် ဆိုင်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးရားဝမ်ဂျုံ၊ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ် ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်မောင်ဝင်း၊ ဦးချစ်ဦး၊ ဦးဥာဏ်သိန်း၊ ဦးမရန်ဘရန်ရှောင်၊ ဦးချန်တန်ခင်၊ ဒေါ်ရှီးဇော်လွမ်းလန်း တို့တက်ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက် နှာစုံညီအစည်းအဝေးနှင့် ခရိုင်ကော်မတီအသစ်များ ရွေးချယ်ပွဲကို ဇူလိုင်လ (၂၄) ရက် နံနက် ၉ နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်ရုံးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦးနှင့် ဗဟိုကော်မတီဝင် ဦးခင်မောင်စိုးနှင့် ဦးတင်အောင်တို့ တက်ရောက်ကြသည်။

ပန်းဘဲတန်းပါတီရုံးတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ်ပါတီရုံးတွင် ဇူလိုင်လ (၂၄) ရက် နံနက် ၁ဝ နာရီက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီး ၏ ပဓာနနာယကဆရာတော် သာသနာ့ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ မဟာဂန္ထဝါစက ဘဒ္ဒန္တကုမာရ အမှူးပြုသည့် သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။