ပန်းဘဲတန်းပါတီရုံးတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ်ပါတီရုံးတွင် ဇူလိုင်လ (၂၄) ရက် နံနက် ၁ဝ နာရီက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီး ၏ ပဓာနနာယကဆရာတော် သာသနာ့ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ မဟာဂန္ထဝါစက ဘဒ္ဒန္တကုမာရ အမှူးပြုသည့် သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ်ကော်မတီဝင်များက ပင့်သံဃာငါးပါးအား ဝါဆို သင်္ကန်းများနှင့် နဝကမ္မအလှူငွေ ကျပ်သုံးသိန်းကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်နှင့် ရေစက်ချ အနုမောဒနာတရားများချီးမြှင့်ခဲ့ကြောင်း သိရသည်။

Union daily


Leave a Reply