ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ၂နာရီခွဲက မြို့ပေါ်ရှိဘုရားအမှူးရှိသောသံဃာတော်များအား ပင့်ဆောင်၍ မြို့နယ် ပါတီကော်မတီဝင်များက(၁၃)ကြိမ် မြောက်ဝါဆိုသင်္ကန်းကပ်လှူပူဇော် ပွဲအခမ်းအနား ကျင်းပသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲတွင် အခမ်းအနားသို့ တက် ရောက်လာသော မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဦး၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ရပ်ကွက်၊ ကျေးရွာ ပါတီဝင်များသည် ကြွရောက်လာ သော ပင့်သံဃာတော်အရှင်သူမြတ်တို့ထံ သီလခံယူဆောက်တည်ကြ ပြီးဆရာတော်ကြီးများက အန္တရာယ် ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို ဇူလိုင်လ (၂၈) ရက် နံနက် ၁ဝနာရီကကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

ပြည်ကြီးတံခွန်မြို့နယ် လူငယ်ဖွံ့ဖြိုးရေးစင်တာသို့ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက်စက်လှူဒါန်း

ပြည်ကြီးတံခွန်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ်ထားသည့် လူငယ်ဖွံ့ ဖြိုးရေးစင်တာသို့ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက် လေ့ကျင့်ရေးစက်တစ်လုံးကို ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီက ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီကော်မတီဝင်များက ပေးအပ်လှူဒါန်းရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များက လက်ခံရယူခဲ့သည်။

မြောက်ဦးခရိုင်ပါတီ မျက်နှာစုံညီစည်းဝေး၊ ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မျက်နှာစုံညီအစည်းဝေးနှင့် ခရိုင်ပါတီ ကော်မတီ ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကို ယနေ့ (ဇူလိုင်လ ၂၇ ရက်) နံနက် (၁၀) နာရီ အချိန်တွင် စတင်ကျင်းပရာ သဘာပတိအဖြစ် ပြည်နယ်ပါတီ အတွင်းရေးမှူး ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အခမ်းအနား ကို ပြည်မြို့ရှိ တိုင်းပါတီရုံး အစည်း အဝေးခန်းမတွင် ယနေ့ (ဇူလိုင် ၂၇) ရက် နံနက် (၉) နာရီက ကျင်းပရာ သဘာပတိအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်း သဘာပတိအဖွဲ့ဝင်များအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး၊ တိုင်းရွေးချယ်ရေးကော်မတီဝင် ဦးဖေသန်း တို့က ဆောင်ရွက်ခဲ့ကြသည်။

တမူးပြည်ခိုင်ဖြိုး ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဇူလိုင်လ (၂၃) ရက်နေ့က တမူးမြို့ အထက်ပိုင်းရွာ များသို့ သွားရောက်၍ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ၀ါဆို သင်္ကန်းများ ဆက်လက်လှူဒါန်းခဲ့သည်။

ထို့အပြင် စာသင်ကျောင်း (၁၃) ကျောင်းရှိ ပထမတန်းကျောင်းသားများ အတွက် ဗလာစာအုပ်များ လှူဒါန်းခြင်း၊ လျှပ်စစ်ဓါတ်အားကြိုးများ လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဗန်းမော်ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်းကပ်လှူရန် လုပ်အားဒါန ကူညီဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူး ဦးစိုးမိုးကျော်တို့ ဦးဆောင်ပြီး မြို့နယ်ပါတီကော်မတီဝင်များသည် ဇူလိုင်လ (၂၅) ရက်နေ့က ဗန်းမော် သိမ်တော်ကြီးဝင်း သာသနာ့ဗိမ္မာန်တော်ကြီးတွင် ပုညကာရီအဖွဲ့မှ (၁၂) ကြိမ်မြောက် ဆွမ်းကပ်ခြင်းနှင့် ၀ါဆိုသင်္ကန်း ကပ်လှူခြင်းတို့အား လုပ်အားဒါန ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရသစ်၏ စီးပွားရေးမူဝါဒ ဇူလိုင် ၂၉ ရက်နေ့ ထုတ်ပြန်မည်

အစိုးရသစ်၏ စီးပွားရေးမူဝါဒကို အစိုးရတာဝန် စတင်ရယူပြီး ရက်ပေါင်း ၁၂၀ အကြာ ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်ရုံးအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။ (more…)


လောက်ကိုင်ခရိုင်နှင့် ကွမ်းလုံခရိုင်ပါတီများ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ပွဲများ ကျင်းပပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ခရိုင်နှင့် ကွမ်းလုံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းရေး အခမ်းအနားများ ကိုကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

လောက်ကိုင်ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီ ပြင်ဆင် ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၂၂) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး ခရိုင်ပါတီကော်မတီအား ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ ခရိုင်ပါတီဥက္ကဋ္ဌ အဖြစ် ဦးခင်မောင်လွင်၊ အတွင်းရေးမှူးအဖြစ် ဦးလျိုမောင်မာင်၊ ဘဏ္ဌာရေးမှူး အဖြစ် ဦးရင်မာစန်း တို့အားရွေးချယ်အတည်ပြု၍ ခရိုင်ပါတီကော်မတီ၊ အရန်ကော်မတီများကို ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့သည်။

ဗန်းမော်ပြည်ခိုင်ဖြိုး မြစ်ရေကြီးမှုမှ ဘေးလွတ်ရာခေတ္တခိုလှုံနေကြသော ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင် ခိုလှုံေ နကြသော ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်ကွက် ပညာ့ ရိပ်သာအုပ်စုမှ ပြည်သူများထံသို့ ဗန်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် ခေါက်ဆွဲခြောက် အထုပ် ၃၀ ပါ ခေါက်ဆွဲဖာ (၂၆) ဖာကို ဇူလိုင်လ (၂၆) ရက်နေ့က မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အုပ်စုမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။