ကချင်ပြည်နယ်ပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်က ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန် ဆိုင်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးရားဝမ်ဂျုံ၊ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ် ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်မောင်ဝင်း၊ ဦးချစ်ဦး၊ ဦးဥာဏ်သိန်း၊ ဦးမရန်ဘရန်ရှောင်၊ ဦးချန်တန်ခင်၊ ဒေါ်ရှီးဇော်လွမ်းလန်း တို့တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး ဆက်လက် ကျင်းပကြမည့် မျက်နှာစုံညီအစည်းအဝေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ်များအား ဆက်လက် ရွေးချယ်နိုင်ရေးတို့ကို နယ်မြေ တာဝန်ခံများနှင့် အကျယ်တ၀င့် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်း ရရှိသည်။


Leave a Reply