ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ လွိုင္သာယာၿမိဳ႕နယ္၊ ကေနာင္ခန္းမတြင္ မသန္ေသာ္လည္းစြမ္းၾကသူမ်ားအား ဆန္လႉဒါန္းျခင္း အခမ္းအနားသို႔ တက္ေရာက္

စက္တင္ဘာ ၁၉၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဦးခင္ေမာင္စိုးႏွင့္အတူ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၁၉ ရက္ေန႔၊ နံနက္ (၁၀၀၀)နာရီအခ်ိန္မွ (၁၁၂၀)နာရီ အခ်ိန္ထိ ရန္ကုန္တိုင္း ေဒသႀကီး၊ လွိုင္သာယာၿမိဳ႕နယ္၊ လွိုင္သာယာစက္မႈဇုန္ ကေနာင္ခန္းမတြင္ က်င္းပျပဳလုပ္ေသာ မဂၤလာဒုံခရိုင္ႏွင့္ အင္းစိန္ခရိုင္တို႔မွ မသန္ေသာ္လည္း စြမ္းၾကသူ(၄၅၀)ဦးအား ဆန္ႏွင့္ဆီမ်ားလႉဒါန္းျခင္း အခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားတြင္ ပါတီဥကၠ႒ ဦးခင္ရီက ႏႈတ္ခြန္းဆက္ အမွာစကား ေျပာၾကားခဲ့ၿပီး တက္ေရာက္လာၾကေသာ မသန္စြမ္းသူမ်ားႏွင့္ လူမႈေရး အသင္းမ်ားမွ တာဝန္ရွိသူမ်ားက ၎တို႔၏ လိုအပ္ခ်က္အခ်ိဳ႕အား တင္ျပၾကရာ ပါတီဥကၠ႒က “ မိမိတို႔အဖြဲ႕အစည္းသည္ စားေသာက္ေရးအတြက္ တစ္ဖက္တစ္လမ္းမွ ကူညီသည့္အေနျဖင့္ လႉဒါန္းျခင္းျဖစ္ပါေၾကာင္း၊ ယခု အခမ္းအနားသည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း တတိယအႀကိမ္ေျမာက္ လႉဒါန္းျခင္း ျဖစ္ပါေၾကာင္း၊ ပမာဏနည္းေသာ္လည္း စိတ္ရင္းေစတနာ ေႏွာင္ႀကိဳးကင္းမဲ့စြာျဖင့္ လႉဒါန္းရျခင္း ျဖစ္ပါေၾကာင္း၊ အဖြဲ႕အစည္းတစ္ခု အေနႏွင့္ ကူညီေဆာင္ရြက္လို႔ရသည့္ ကိစၥရပ္မ်ားကို အျမန္ဆုံးေဆာင္ရြက္ ေပးမည္ျဖစ္ေၾကာင္း ႏွင့္ ဆက္စပ္အဖြဲအစည္းမ်ားျဖင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ရန္လိုအပ္သည့္ ကိစၥရပ္မ်ားကိုလည္း တတ္နိုင္သမၽွကူညီ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ” ျပန္လည္ရွင္းလင္းေျဖၾကားခဲ့ပါသည္။
ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီ၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုးႏွင့္ တာဝန္ရွိသူမ်ားက မသန္ေသာ္လည္းစြမ္းၾကသူ (၄၅၀)ဦးအား ဆန္ႏွင့္ဆီမ်ား ေပးအပ္လႉဒါန္းခဲ့ပါသည္။
အဆိုပါအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုး ႏွင့္ ပါတီ ေကာ္မတီဝင္မ်ား၊ မဂၤလာဒုံခရိုင္၊ အင္းစိန္ခရိုင္တို႔မွ ခရိုင္ပါတီဥကၠ႒မ်ားႏွင့္ ပါတီေကာ္မတီဝင္မ်ား၊ ၿမိဳ႕နယ္ပါတီဥကၠ႒မ်ားႏွင့္ ပါတီေကာ္မတီဝင္မ်ား၊ မသန္ေသာ္လည္းစြမ္းၾကသူမ်ား ႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား အပါအဝင္ စုစုေပါင္း အင္အား(၁၀၃၆)ဦးတို႔ တက္ေရာက္ခဲ့ၾကပါသည္။

=================================

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမတွင် မသန်သော်လည်းစွမ်းကြသူများအား ဆန်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်

စက်တင်ဘာ ၁၉၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အတူ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်မှ (၁၁၂၀)နာရီ အချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမတွင် ကျင်းပပြုလုပ်သော မင်္ဂလာဒုံခရိုင်နှင့် အင်းစိန်ခရိုင်တို့မှ မသန်သော်လည်း စွမ်းကြသူ(၄၅၀)ဦးအား ဆန်နှင့်ဆီများလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော မသန်စွမ်းသူများနှင့် လူမှုရေး အသင်းများမှ တာဝန်ရှိသူများက ၎င်းတို့၏ လိုအပ်ချက်အချို့အား တင်ပြကြရာ ပါတီဥက္ကဋ္ဌက “ မိမိတို့အဖွဲ့အစည်းသည် စားသောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီသည့်အနေဖြင့် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ယခု အခမ်းအနားသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ ပမာဏနည်းသော်လည်း စိတ်ရင်းစေတနာ နှောင်ကြိုးကင်းမဲ့စွာဖြင့် လှူဒါန်းရခြင်း ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု အနေနှင့် ကူညီဆောင်ရွက်လို့ရသည့် ကိစ္စရပ်များကို အမြန်ဆုံးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း နှင့် ဆက်စပ်အဖွဲအစည်းများဖြင့် ချိတ်ဆက် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များကိုလည်း တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ” ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက မသန်သော်လည်းစွမ်းကြသူ (၄၅၀)ဦးအား ဆန်နှင့်ဆီများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့် ပါတီ ကော်မတီဝင်များ၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်တို့မှ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ မသန်သော်လည်းစွမ်းကြသူများ နှင့် လူမှုရေးအသင်းအဖွဲ့များ အပါအဝင် စုစုပေါင်း အင်အား(၁၀၃၆)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။