အမ္ဘာေပက ကမၻာ့အေကာင္းဆုံးကစားသမားလို႔ နည္းၿပ အင္းနရစ္ ေျပာ

စက္တင္ဘာ ၂၀
ပီအက္စ္ဂ်ီအသင္းရဲ့ နည္းၿပ အင္းနရစ္က သူ႔အသင္းရဲ့ တိုက္စစ္မႉး အသင္းေခါင္းေဆာင္ ကိုင္လီယန္ အမ္ဘာေပဟာ လက္ရွိ ကမၻာ့အေကာင္းဆုံး ကစားသမားပါလို႔ ယေန႔နံနက္ အေစာပိုင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပီအက္စ္၏ဂ်ီ က ေဒါ့မြန္ကို ၂-၀ ဂိုးျဖင့္ အနိုင္ရတဲ့ ပြဲစဥ္အၿပီးမွာ ခ်ီးက်ဴးေျပာဆိုသြားခဲ့ေၾကာင္း သိရပါတယ္။
အင္းနရစ္က ” ကိုင္လီယန္ အမ္ဘာေပဟာ ကမၻာ့အေကာင္းဆုံး ကစားသမားပါ။ သူ႔ကို အဝတ္လဲခန္းထဲမွာ ရွိရတာ ဝမ္းသာစရာပါ — သူက အျမဲတမ္း သူ႔မ်က္ႏွာေပၚမွာ ျပဳံးေနတဲ့ ေခါင္းေဆာင္တစ္ေယာက္ပါ။ သူ႔လို ကစားသမားမ်ိဳးကို ပိုင္ဆိုင္ခြင့္ ရတဲ့အတြက္ ေပ်ာ္ရႊင္မိပါတယ္” ဟု သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။
အမ္ဘာေပက ပီအက္စ္ဂ်ီအသင္းအတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္ ၄၉ မိနစ္မွာ ပင္နယ္တီကေန တဆင့္ သြင္းယူေပးနိုင္ခဲ့သလို အသင္းေဖာ္ေတြနဲ႔ အေကာင္းဆုံးႀကိဳးစားေပးခဲ့ၿပီး ညာေနာက္ခံလူ ဟာခီမီက ၅၈ မိနစ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ ပြဲသိမ္းအနိုင္ဂိုး သြင္းယူေပးခဲ့ပါတယ္။
အသက္ ၂၄ ႏွစ္သာ ရွိေသးတဲ့ ကိုင္လီယန္ အမ္ဘာေပဟာ ခ်န္ပီယံလိဂ္ပြဲေပါင္း ၆၂ ပြဲမွာ ၄၁ ဂိုးသြင္းထားပါတယ္။

==============================

အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ နည်းပြ အင်းနရစ် ပြော

စက်တင်ဘာ ၂၀
ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ အင်းနရစ်က သူ့အသင်းရဲ့ တိုက်စစ်မှူး အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါလို့ ယနေ့နံနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်၏ဂျီ က ဒေါ့မွန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာ ချီးကျူးပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။
အင်းနရစ်က ” ကိုင်လီယန် အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ သူ့ကို အဝတ်လဲခန်းထဲမှာ ရှိရတာ ဝမ်းသာစရာပါ — သူက အမြဲတမ်း သူ့မျက်နှာပေါ်မှာ ပြုံးနေတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ခွင့် ရတဲ့အတွက် ပျော်ရွှင်မိပါတယ်” ဟု သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အမ်ဘာပေက ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၄၉ မိနစ်မှာ ပင်နယ်တီကနေ တဆင့် သွင်းယူပေးနိုင်ခဲ့သလို အသင်းဖော်တွေနဲ့ အကောင်းဆုံးကြိုးစားပေးခဲ့ပြီး ညာနောက်ခံလူ ဟာခီမီက ၅၈ မိနစ်မှာ ပီအက်စ်ဂျီအသင်းအတွက် ပွဲသိမ်းအနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ကိုင်လီယန် အမ်ဘာပေဟာ ချန်ပီယံလိဂ်ပွဲပေါင်း ၆၂ ပွဲမှာ ၄၁ ဂိုးသွင်းထားပါတယ်။