အိုက်စလန်ကိုရှုံးခဲ့တဲ့ပွဲအပြီးမှာ အင်္ဂလန်နည်းပြ ရွိုင်ဟော့ဆင် နှုတ်ထွက်

13490731_1056483391074212_6210848678698571355_o

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြ ရွိုင်ဟော့ဆင်ဟာ အိုက်စလန်နဲ့ကစားခဲ့တဲ့ ယူရို ၂၀၁၆ရှုံးထွက်ပွဲမှာ ၂ဂိုး-၁ဂိုးနဲ့ ရှုံးထွက်ပြီးနောက် အင်္ဂလန်နည်းပြ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အသက် ၆၈နှစ်အရွယ်ရှိတဲ့ ရွိုင်ဟော့ဆင်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၂ပြိုင်ပွဲမတိုင် မီ အီတလီနည်းပြကာပယ်လိုနေရာမှာ အစားထိုးတာဝန်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ နိုင်ငံတာကာပြိုင်ပွဲကြီး ၃ခုကို တာဝန်ယူခဲ့ပေမယ့် အောင်မြင် အောင်စွမ်းဆောင်နိုင်ခြင်းမရှိလို့အခုလိုနှုတ်ထွက်တာဖြစ်ပါတယ်။

ရွိုင်ဟော့ဆင်ဟာပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အီတလီကို ပင်နယ်တီနဲ့ရှုံးခဲ့ပြီး အိုက်စလန်လို အသင်းငယ် မျိုးကို ရှုံးခဲ့လို့ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

နည်းပြရွိုင်ဟော့ဆင်အပြင် နည်းပြအဖွဲ့ဝင်တွေလည်းဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ လီဝန်တန်တို့လည်း နှုတ်ထွက်ခဲ့ကြ ပါတယ်။

အင်္ဂလန်နည်းပြအဖြစ် ရေပန်စားနေသူများ

ဂယ်ရီဆောက်ဂိတ်( အင်္ဂလန်ယူ-၂၁နည်းပြ) – 2/1

အက်ဒီဟိုဝီ ( ဘွန်းမောက်) – 8/1

ဂယ်ရီနဗီးလ် ( နည်းပြအဖွဲ့ဝင်ဟောင်း) – 10/1

အလန်ပါဂျူး ( ပဲလေ့စ်) – 10/1

ဘရန်ဒန်ရော်ဂျာ ( ဆဲလ်တစ်) – 16/1

ဆမ်အလာဒွိုက် ( ဆန်းဒါးလန်း) – 20/1

ဒေးဗစ်မွိုက်စ် ( မန်ယူနည်းပြဟောင်း) – 25/1

 (ရိုက်တာ)


Leave a Reply