ဟင်္သာတပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ပါတီ မျက်နှာ စုံညီ အစည်းအဝေးနှင့် ပါတီပြန်လည် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ယနေ့ ( ဇွန်လ ၂၈ ရက်) နံနက် (၉) နာရီ(၃၀)မိနစ်အချိန်ကစတင်၍ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပါတီ ဗဟိုကော်မတီဝင် (တိုင်း ဒေသကြီး ရွေးချယ်ရေးကြီးကြပ်မှုအဖွဲ့ နာယက အဖွဲ့ဝင်) ဦးခင်မောင်ရီနှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြိုဖများ၊ သဘာပတိအဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ ပါတီကော်မတီဝင်များ၊ စုစုပေါင်း အင်အား (၂၃၀) ဦး တက်ရောက်ကြောင်း သိရသည်။

USDP Ayeyarwady Region News


Leave a Reply