၂၀၂၀-၂၁ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားများထုတ်ပြန်ကြေညာ

၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်ရာသီသစ်ပွဲစဉ် ဇယားများကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ အဖွင့်ပွဲစဉ်တွင် လက်ရှိချန်ပီယံလီဗာပူးလ်အသင်းက ချန်ပီယံရှစ်ချန်ပီယံ လိဒ်ယူနိုက်တက်အသင်းနှင့် စတင်ရင်ဆိုင်ရမည် ဖြစ်သည်။ Play-Off ချန်ပီယံ ဖူဟမ်အသင်းမှာ အာဆင်နယ်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး နောက်ထပ်တန်းတက်အသင်းတစ်သင်းဖြစ်သည့် ၀က်ဘရွန်းအသင်းက လက်စတာအသင်းကို အိမ်ကွင်းတွင် လက်ခံကစားမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ရာသီသစ်ကို လာမည့် စက်တင်ဘာလ၊ ၁၂ ရက်နေ့၊ စနေတွင်စတင်ကျင်းပမည်ဖြစ်သည်။ သို့သော်လည်း မန်ချက်စတာစီးတီး-အက်စ်တန်ဗီလာ၊ ဘန်လေ-မန်ယူ ပွဲစဉ် ၂ ပွဲကိုပြန်လည် ပြင်ဆင်သွားမည်ဖြစ်သည်။

မန်စီးတီးနှင့် မန်ယူတို့မှာ ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ကစားခဲ့ခြင်းကြောင့် အဖွင့်ပွဲစဉ်တွင် အနားပေးရန်စီစဉ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့ ၂ သင်းကို ပြိုင်ပွဲမှ ရှုံးနိမ့်ခဲ့သည့်နေ့မှစပြီး ရက် ၃၀ အနားပေးလိုက်ခြင်းကြောင့် အဖွင့်ပွဲစဉ်တွင် ၈ ပွဲသာကစားမည်ဖြစ်သည်။ ဥရောပပြိုင်ပွဲများမှ စောစီးစွာ နုတ်ထွက်ခဲ့ရသည့် ချဲလ်ဆီး နှင့် ဝုဗ်တို့မှာ တနင်္လာည ပွဲစဉ်များအဖြစ်ကစားသွားမည်ဖြစ်သည်။