ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇန်နဝါရီ ၇ ရက်နံနက် ၁၁ နာရီက အဆိုပါပါတီရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ အစည်းအဝေး တွင် သထုံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးဇော်ဝင်းက အမှာ စကားပြောကြားပြီး မြို့နယ်ပြည် ခိုင်ဖြိုးပါတီ ရပ်ကွက်/ ကျေးရွာ စည်းရုံးရေးကော်မတီဝင်များက ပါတီရေးရာ ကော်မတီလုပ်ငန်း ကဏ္ဍ(၁၂)ရပ်အနက် အရေးကြီး ကဏ္ဍလေးရပ်ကို ဆွေးနွေးတင်ပြ ခဲ့ကြပြီး တင်ပြချက်များအပေါ် ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်လင်းဦးနှင့်ပါတီ ရေးရာကော်မတီ တာဝန်ခံများကပြန်လည်ရှင်းလင်းဆွေနွေးခဲ့ကြပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။

လွတ်လပ်ရေးနေ့၌မွေးဖွားသော ကလေးငယ်နှစ်ဦးအား ခင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုချီးမြှင့်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်၊အတွင်းရေးမှူး ဦးဇော် မင်းနှင့် အလုပ်အမှုဆောင်ကော်မတီ ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက(၆၉)နှစ်မြောက် လွတ်လပ် ရေးနေ့တွင် မွေးဖွားသော ကလေး ငယ်နှစ်ဦးအား ကလေးအသုံး ဆောင်ပစ္စည်းများနှင့်ကလေးပုခက် တစ်ခုစီ ချီးမြှင့်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော ဖြိုးစေတနာ နယ်လှည့်အခမဲ့ဆေးကုသမှုအဖွဲ့ ကျေးရွာများအရောက်ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတင်ဝင်းနှင့် ရန်ကုန် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မင်း တို့ဦးဆောင်မှုဖြင့် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ‘ဖြိုးစေတနာ’ တာဝန်ခံဆရာဝန် ဒေါက်တာသိန်းဇော်မြင့်တို့ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း ကော့မှူးမြို့နယ်အတွင်း သွားလာရခက်ခဲသောကျေးရွာများ အရောက်ကျန်းမာရေးစောင့်ရှောက် ကုသပေးလျက်ရှိရာ ကော့မှူး အရှေ့ခြမ်း သမင်ခြံကျေးရွာအုပ်စု ဆိုင်ကလုန်းရှယ်တာတွင် နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ အနီး ဝန်းကျင် ကျေးရွာများဖြစ်သော ထန်းတပင်ကျေးရွာ၊ သရက်တော ကျေးရွာ၊ တာတိုက်ကျေးရွာများမှ လူနာ ၂၄ဝ ကို ကုသပေးခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပါတီရုံးတွင် ခရိုင်နှင့်မြို့နယ်ကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေအတွင်း ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီ ဝင်များအား ခရိုင်ပါတီကော်မတီ နှင့် မြို့နယ်ပါတီကော်မတီတို့မှ ရက်သတ္တပတ်တစ်ပတ်လျှင် တစ် ရက် တွေ့ဆုံလျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ပါတီဝင်များ နှင့် မြို့နယ်ပါတီရုံးအစည်းအဝေး ခန်းမဆောင်၌ တွေ့ဆုံကြသည်။

ပြည်​ခိုင်​ဖြိုးပါတီ နှင့်​ ဗဟို​ကော်​မတီဝင်​ ဦး​ထွေးလှတို့ လှူဒါန်း​သော လှူဖွယ်​၀တ္ထုဆက်​ကပ်​လှူဒါန်းခြင်းနှင့်​ဆိုလာမီးနှင့်ဘိလပ်​​မြေအိတ်​များလှူဒါန်းခြင်း အခမ်းအနား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၇) ရက်နေ့က ရခိုင်ပြည်နယ်​ အမ်းမြို့နယ်​ ​ရူး​ကျေးရွာအုပ်​စု ဘုန်း​တော်​ကြီး​ကျောင်းတွင်​ ကျင်းပပြုလုပ်​သည့်​ ပြည်​ခိုင်​ဖြိုးပါတီ နှင့်​ ဗဟို​ကော်​မတီဝင်​ဦး​ထွေးလှတို့မှ လှူဒါန်းထား​သော
ဆိုလာမီး၊ဘိလပ်​​မြေအိတ်​​များ​ပေးအပ်​လှူဒါန်းခြင်း နှင့်​ ဆရာ​တော်​အား လှူဖွယ်​၀တ္ထုများဆက်​ကပ်​လှူဒါန်းခြင်း အခမ်းအနားသို့ တက်​​ရောက်​ခဲ့ပါသည်​။

ပြည်​ခိုင်​ဖြိုးပါတီမှ လှူဒါန်း​သော ​အမ်းမြို့နယ်​ ​လေယာဉ်​ကွင်းရပ်​ကွက်​ အမှုထမ်းပိုင်း ​ရေပြွန်​​ဆောက်​လုပ်​​နေမှုအား ကွင်းဆင်းကြည့်​ရှု

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၇) ရက်နေ့က ရခိုင်ပြည်နယ်​ အမ်းမြို့နယ်​ ​လေယာဉ်​ကွင်းရပ်​ကွက်​ အမှုထမ်းပိုင်းတွင်​ ပြည်​ခိုင်​ဖြိုးပါတီမှ လှူဒါန်းထား​သော
ရေပြွန်​​ဆောက်​လုပ်​​​​နေမှုအား ကွင်းဆင်းကြည့်​ရှုပြီး
လိုအပ်​ချက်​များအား ​ဆွေး​နွေး​ပြောကြားခဲ့ပါသည်​။

ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၆) ရက်နေ့က ရခိုင်ပြည်နယ်​ အမ်းမြို့နယ်
ပြ​ည်ခိုင်ဖြိုးပါတီရုံး၌ ပြည်နယ် ခရိုင် မြို့နယ် အရံ​ကော်​မတီ
ရပ်/ကျေးပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ၏ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်လောင်းနှင့် မြို့နယ် ပါတီအား တွေ့ဆုံ

 

မကြာတော့သည့် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် လုပ်ဆောင်ရ မည့်နည်းလမ်းများ၊ မြို့နယ်ပါတီနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ရှိသူများ၊ ဝိုင်းရံသူများမှ လုပ်ဆောင်ရ မည့်လုပ်ထုံးလုပ်နည်းများအား ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းနွယ်မှ ယနေ့ ဇန်န၀ါရီ (၆) ရက် နံနက် (၈) နာရီခွဲအချိန်က အခမ်းမြို့နယ်ပါတီရုံး အစည်းအဝေးခမ်းမ၌ ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့် အမ်းမြို့နယ်ကော်မတီ ဝင်များအား ရွေးကောက်ပွဲအောင်နိုင်ရေးတွေ့ဆုံပွဲတွင် အကျယ်တဝင့် ပြောကြားခဲ့သည်။

 

(more…)


မန္တလေးတိုင်းဒေသကြီးပါတီရုံးဦးစီးအဖွဲ့များ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရးပါတီရုံးခန်းမ၌ ရုံးဦးစီးအဖွဲ့များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ (၅) ရက် နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင်/ မိတ္ထီလာခရိုင်/ ရမည်းသင်းခရိုင်/ညောင်ဦးခရိုင်များအတွင်းရှိ ခရိုင်ဥက္ကဌများ၊ မြို့နယ် ဥက္ကဌများနှင့် သင်တန်း တက်ရောက်ကြမည့် ရုံးဦးစီးအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ အဖွင့် အမှာစကားပြောကြားကာ သင်တန်းတာဝန်ခံ ဦးမျိုးမြင့်မှ သင်တန်း စည်းမျဉ်းစည်းကမ်းများ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။