ပါတီအမျိုးသမီးရေးရာကော်မတီများတွေ့ဆုံ

 

မကွေးတိုင်းဒေသကြီး အမျိုး သမီးရေးရာကော်မတီမှကြီးမှူး၍ တိုင်းဒေသကြီးပါတီ အမျိုးသမီး ရေးရာနှင့် မကွေးခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ အမျိုးသမီး ရေးရာကော်မတီများ တွေ့ဆုံပွဲကို ယခုလ ၉ရက် မွန်းလွဲ ၁နာရီတွင် တိုင်းဒေသကြီးပါတီအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်း အနားသို့ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင် ဌေး၊ အတွင်းရေးမှူးဦးဆန်းညွန့် အောင်နှင့် တိုင်းဒေသကြီးအမျိုး သမီးရေးရာတာဝန်ခံများဖြစ်ကြ သော ဒေါ်ယဉ်ယဉ်လှနှင့် ဒေါ်သီ မာလှိုင်၊ မကွေးခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်နှင့် မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ အမျိုးသမီး ရေးရာကော်မတီဝင် ၂၆ ဦးတက် ရောက်ခဲ့ကြသည်။

တောင်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း

 

ယခုလ ၁၁ရက်က တောင်ကြီး မြို့နယ် လွယ်တော်ကျေးရွာအုပ်စု ဇလဲဘုန်းတော်ကြီးကျောင်းတွင် နှစ်စဉ်ကျင်းပသည့် သံဃာတော် များ ပဋိဝတ်တည်ဆောက်ပွဲတွင် တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီက နေ့ဆွမ်းတစ်နပ်ဆက်ကပ် လှူဒါန်းရာသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သူရ ရှင်းနှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်မိရပ်ဖများ တက်ရောက် ကြည်ညိုကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး မြောက်ပိုင်းခရိုင်အတွင်းရှိ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင်ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ယနေ့ နံနက် ၁၁နာရီခွဲခန့်က လှိုင်သာယာ မြို့နယ် ပါတီရုံးခန်းမ၌ ရန်ကုန် မြောက်ပိုင်းခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်ပါတီများမှ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များအား တွေ့ဆုံ၍ ပါတီလုပ်ငန်းဆိုင်ရာ များ လမ်းညွှန်မှာကြားခဲ့သည်။

ပါတီဥက္ကဋ္ဌဦးသန်းဌေး ထန်တလန်မြို့နယ်မှ လေ့လာရေးအဖွဲ့အားကြိုဆို နှုတ်ခွန်းဆက်စကားပြော

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် နေပြည်တော်သို့ လေ့လာရေးခရီးလာရောက်ကြသော ချင်းပြည်နယ် ထန်တလန် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များအား ယနေ့မွန်းလွဲ ၁ နာရီက ပါတီဌာနချုပ်အစည်းအဝေးခန်းမ(၂)၌တွေ့ဆုံ၍ နှုတ်ခွန်း ဆက် အမှာစကားပြောကြားသည်။ ထို့နောက် လေ့လာရေးအဖွဲ့မှ ထန်တလန်မြို့နယ်ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူးဦးနိုလာလိန်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

မြိတ် ပြည်ခိုင်ဖြိုးပါတီက အဘိုးအဘွားရိပ်သာနှင့် ရုံးပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်/မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စီစဉ်​မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇန်​န၀ါရီလ (၈)ရက်နေ့နံနက်ပိုင်းတွင် မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ဖိုးဖွားရိပ်သာခြံဝင်းပတ်လည်သန့်ရှင်း သာယာလှပရေး လုပ်အားဒါနပြုဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ရာတွင်
မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဆွေနှင့်အတူ ခရိုင် ကော်မတီဝင် ဦးအေးအောင်၊ဦးသန်းဝေ၊ မြိတ်မြို့နယ် ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြို့နယ်ကော် မတီဝင်များ ၊ရပ်ကွက်/ကျေးရွာပါတီဝင်များနှင့် စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား၁၀၀ဦးခန့်တို့မှ စုပေါင်းပါဝင်သန့်ရှင်း ရေး ပြုလုပ်​ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

အမျိုးသမီး​ရေးရာ​တွေ့ဆုံပွဲ မော်လမြိုင်ပြည်ခိုင်ဖြိုးကျင်းပ

 

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နယ် ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွင့်​ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာ​တွေ့ဆုံပွဲအခမ်းအနားကို မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀းဝဝ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ​ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးလွင်​မိုးမှ အဖွင့်​မိတ်​ဆက်​စကား​ပြောကြားပြီး ပြည်​နယ်​ပါတီ​ကော်​မတီဝင်​အမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်ခင်​မြင့်​မှ အမျိုးသမီး ရေးရာကိစ္စရပ်​များ၊ အသင်းအဖွဲ့များနှင့်​ပူး​ပေါင်း​ဆောင်​ရွက်​မှု၊အမျိုးသမီးများအကြမ်းဖက်​မှု
ကင်း​ဝေးရန်​၊ ကျန်းမာ​ရေးဆိုင်​ရာကိစ္စရပ်​များတွင်​ပူး​ပေါင်းပါဝင်​မှု၊ ​ခေတ်​အဆက်​ဆက်​အမျိုးသမီးများ​ခေါင်း​ဆောင်​ခဲ့မှုများ၊ အစဉ်​အလာ​ကောင်းများရှိ​နေပြီးဖြစ်​​သောအမျိုးသမီးများ ပြည်​ခိုင်​ဖြိုးပါတီနှင်
့ပူး​ပေါင်း၍ တက်​တက်​ကြွကြွ​ဆောင်​ရွက်​လာ​စေရန်​ကိစ္စရပ်​များကို​ ဆွေး​နွေးတင်ပြခဲ့သည်​။

ပညာရေး အလေးထားမည် ကျိုက်မရော ပြည်ခိုင်ဖြိုးပါတီ

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးလှထွန်းနှင့် မြို့နယ်ကော်မတီဝင်များသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၀ )ရက်နေ့ နေ့လည် ၀၁း၀၀ နာရီအချိန်တွင် ကျိုက်မရောမြို့နယ် လှကဇိုင်းကျေးရွာသို့ ရောက်ရှိကြကာ လှကဇိုင်းကျေးရွာရှိ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများ ကျေးရွာပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆွေးနွေးကြပါသည်။
ထို့နောက် ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဉက္ကဋ္ဌ ဦးလှထွန်းမှ လှကဇိုင်းကျေးရွာရှိ မူကြိုကျောင်းဝင်း ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းပြုလုပ်နိုင်ရန် အလှူ ငွေ ၅၅၀၀၀၀(ငါးသိန်းငါးသောင်းကျပ်)အား ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဦး အားလှူဒါန်း ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အမ်းမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကိုယ်စားလှယ်လောင်း မြို့နယ်ပါတီဝင်များတွေ့ဆုံ

 

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မြို့နယ်ပါတီနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ရှိသူများ၊ ဝိုင်းရံသူများမှ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများအား ဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်း နွယ်ကဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့် အမ်းမြို့နယ် ကော်မတီဝင်များ ရွေးကောက်ပွဲ အောင်နိုင်ရေး တွေ့ဆုံပွဲတွင် အကျယ်တဝင့် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဗဟိုအလုပ်အမှုဆောင်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌဦးခင်ရီနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အဆင့်ပါတီတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကန်ကြီးထောင့်တွင် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးကန် ကြီးထောင့်မြို့နယ်ကွမ်းသီးပင်ဆိပ် ကျေးရွာအုပ်စု ကွမ်းသီးပင်ဆိပ် ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ခေါင်းဆောင်ဦးဝေဇော်လင်း ၏နေအိမ်ရှေ့တွင်ပါတီနှစ်စဉ်ကြေး ငွေစုပေါင်းပေးအပ်ပွဲကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက် ကြသည့် ကွမ်းသီးပင်ဆိပ်ကျေးရွာ မှ ပါတီဝင် ၁၉ဝဝ က ပါတီနှစ်စဉ် ကြေးငွေစုစုပေါင်း ကျပ် ၁၉ဝဝဝဝ ပေးအပ်ခြင်းအခမ်းအနား ပြုလုပ် ခဲ့ခြင်းဖြစ်သည်။