အမ်းမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကိုယ်စားလှယ်လောင်း မြို့နယ်ပါတီဝင်များတွေ့ဆုံ

 

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မြို့နယ်ပါတီနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ရှိသူများ၊ ဝိုင်းရံသူများမှ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများအား ဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်း နွယ်ကဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့် အမ်းမြို့နယ် ကော်မတီဝင်များ ရွေးကောက်ပွဲ အောင်နိုင်ရေး တွေ့ဆုံပွဲတွင် အကျယ်တဝင့် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ရခိုင်ပြည် နယ် အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ယခုလ ၆ ရက် နံနက် ၈ နာရီခွဲကပြုလုပ် ခဲ့ရာ တွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေး မှူး ဒေါက်တာစန်းစန်းနွယ် (အမျိုး သမီးရေးရာတာဝန်ခံ)၊ ရခိုင်ပြည် နယ်ပါတီအတွင်းရေးမှူးဦးသန်းဝေ၊ ရခိုင်ပြည်နယ် ကော်မတီဝင် ဦးထွေးလှ(ပါတီဌာနချုပ်တိုင်းရင်း သားရေးရာကော်မတီဝင်)၊ ဦးလှ ထွန်းဦး (ပါတီဌာနချုပ်လူငယ်ရေး ရာကော်မတီဝင်)၊ ဦးရဲထွဋ်အောင် (ပါတီဌာနချုပ်သတင်းမီဒီယာ ကော်မတီဝင်) ဦးဆလိုင်းခွဲယန် (နိုင်ငံရေးနှင့် တိုင်းရင်းသားရေး ရာကော်မတီဝင်)၊ ဒေါ်ခင်ရွှေမြင့် (ဌာနချုပ်အမျိုးသမီးရေးရာတွဲဖက် တာဝန်ခံ)၊ လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးသောင်းငြိမ်း၊ ကျောက်ဖြူခရိုင်ပါတီဥက္ကဋ္ဌ ဦး သိန်းနု၊ ကျောက်ဖြူမြို့နယ်ပါတီ ဥက္ကဋ္ဌဦးသောင်းဝင်း၊ အမ်းမြို့ နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်နိုင် နှင့်မြို့နယ်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ တက်ရောက်ခဲ့ ကြသည်။
ယင်းနောက် လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးသောင်းငြိမ်း က ရွေးကောက်ပွဲအောင်နိုင်ရေး အတွက်လုပ်ဆောင်ထားရှိမှု အခြေ အနေများကိုရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဗဟိုကော်မတီ ဝင်များမှ အမ်းမြို့နယ်၏ လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် မိမိတို့၏ အတွေ့အကြုံ များ၊ ရွေးကောက်ပွဲအောင်နိုင်ရေး စီမံချက်လုပ်ထုံးလုပ်နည်းများ၊ ရွေး ကောက်ပွဲ မဟာဗျူဟာများအား ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ကြ သည်။
ဆက်လက်၍ မြို့နယ်ရွေး ကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌဦးခင်သောင်းကရွေးကောက် ပွဲအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အမ်းမြို့နယ် ပြည်သူလူထု၏ ပါတီအပေါ်ယုံ ကြည်မှုအားသာချက်၊ အားနည်း ချက်များကို ပကတိအတိုင်း သုံးသပ်တင်ပြခဲ့သည်။

နေချိုသွေး