ပါတီဥက္ကဋ္ဌဦးသန်းဌေး ထန်တလန်မြို့နယ်မှ လေ့လာရေးအဖွဲ့အားကြိုဆို နှုတ်ခွန်းဆက်စကားပြော

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် နေပြည်တော်သို့ လေ့လာရေးခရီးလာရောက်ကြသော ချင်းပြည်နယ် ထန်တလန် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များအား ယနေ့မွန်းလွဲ ၁ နာရီက ပါတီဌာနချုပ်အစည်းအဝေးခန်းမ(၂)၌တွေ့ဆုံ၍ နှုတ်ခွန်း ဆက် အမှာစကားပြောကြားသည်။ ထို့နောက် လေ့လာရေးအဖွဲ့မှ ထန်တလန်မြို့နယ်ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူးဦးနိုလာလိန်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းတို့က ငွေကျပ်သိန်း ၅ဝ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
လေ့လာရေးအဖွဲ့တွင် ထန်တလန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသား၊ အမျိုးသမီး ၄၃ ဦးပါဝင်ပြီး ယနေ့ မှယခုလ ၁၃ ရက်အထိ ပါတီဌာနချုပ်၌ ခေတ္တ တည်းခို၍ နေပြည်တော်ရှိလွှတ်တော်အဆောက် အအုံများ၊ စစ်သမိုင်းပြတိုက်၊ ရေပန်းဥယျာဉ်၊ တိုင်းရင်းသားကျေးရွာ၊ ဆာဖာရီဥယျာဉ်နှင့် တိရစ္ဆာန်ဥယျာဉ် စသည့်နေရာများကိုသွားရောက် ကြည့်ရှုလေ့လာမည်ဖြစ်ကြောင်း သိရသည်။

သာလှ(ပျဉ်းမနား)