ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာဟောပြောပွဲ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်

 

ကျောက်ဆည် မတ် ၁၃

ကျောက်ဆည်ခရိုင် ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်)အကြောင်းသိကောင်းစရာဟောပြောပွဲကို ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်ခဲ့သည်။ဟောပြောပွဲအား နိုင်ငံတော် သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော် အလံအား အလေးပြုဖွင့်လှစ်ပြီး နောက်ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောခဲ့သည်။

ဆက်လက်၍ (၂ဝဝ၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက် ၍ မန္တလေးတိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ရှင်းလင်းဆွေးနွေးခြင်းနှင့်တိုင်း ဒေသကြီးပါတီ ဥက္ကဋ္ဌဦးဝင်းမောင် က ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် ဟောပြော ပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များအား ပြန်လည် မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများ က ဖြေကြားရှင်းလင်းခဲ့ကြသည်။

ထို့နောက် ပါတီဗဟိုအလုပ် အမှုဆောင်မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က နိဂုံး ချုပ်အမှာစကား ပြောကြား၍ ဟောပြောပွဲ အောင်မြင်စွာပြီးဆုံး ခဲ့သည်။ ဟောပြောပွဲသို့ ပြည်ခိုင် ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌဦးဝင်းမောင်၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင် ကျော်မိုး၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ ဖြစ်ကြသော ဦးသန်းထွန်း၊ ဦးကျော်စန်းနှင့် ဒေါ်သိင်္ဂီအောင်၊ကျောက်ဆည်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းနှင့် ကော်မတီဝင်များ၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သားနှင့် တံတားဦး မြို့နယ်ပါတီတို့မှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ အဆိုပါ မြို့နယ် များမှ ရပ်/ကျေးပါတီဥက္ကဋ္ဌများ စုစုပေါင်း ၅ဝဝ ခန့် တက်ရောက် ခဲ့သည်။

သုတ(မန္တလေး)