ပြည်ခိုင်ဖြိုးပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဗဟိုအလုပ်အမှုဆောင်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌဦးခင်ရီနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အဆင့်ပါတီတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင်ပါတီဗဟိုအလုပ်အမှုဆောင် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌဦးခင်ရီက ပြည်ခိုင်ဖြိုးပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ၏လုပ်ငန်းတာဝန်များ၊ ကော်မတီအနေဖြင့် ဆက် လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပါ အဝင်နိုင်ငံတော်အတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများနှင့် စီးပွားရေးအခြေအနေ များအပေါ်တွင် ပြည်သူလူထုအားဗဟိုပြု၍ ပါတီ အနေဖြင့် လုပ်ကိုင်ဆောင်ရွက်သွားနိုင်ရေးတို့ကို အကျယ်တဝင့်မှာကြား ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် စည်းကမ်းထိန်းသိမ်းရေးကော် မတီဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီ ဝင်များ၊ တိုင်းဒေသကြီးအတွင်းမှ ခရိုင်ပါတီဥက္ကဋ္ဌ များနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများအပါအဝင် စုစုပေါင်း အင်အား ၅ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ