ကော့မှူးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်ထူကိုယ်ထကျေးရွာလမ်းဖောက်လုပ်ရေးအတွက်ငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီမှ ကော့မှူးအနောက်ခြမ်း မှော်တောကျေးရွာရှိ ရွာတွင်းချိတ် ဆက်လမ်းဖောက်လုပ်ခြင်းအတွက် အလှူငွေကျပ် တစ်သိန်းကျပ်ကို ကော့မှူးမြို့နယ်မြို့နယ်သံဃနာယက ဒုဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာ သိဒ္ဓိ(မှော်တောဘုရားကြီးကျောင်း တိုက်) ဆရာတော်ထံ နံနက် ၁ဝ နာရီတွင် လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်၌ ဆက်ကပ်လှူဒါန်း ပေးခဲ့ရာ ကော့မှူး ပြည်ခိုင်ဖြိုး ပါတီနာယက ဦးမြင့်ကြိုင်၊ မြို့နယ် ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်း၊ မြို့နယ်ကော်မတီဝင် ဦးလှဆန်း၊ ကော့မှူးအနောက်ခြမ်း နယ်မြေ တာဝန်ခံ ဦးကိုကိုလွင်တို့က လာ ရောက်လှူဒါန်းပေးခဲ့သည်။ ထိုသို့ လှူဒါန်းရာတွင် အလှူငွေကို ကော့မှူးပြည်ခိုင်ဖြိုးပါတီကိုယ်စား မြို့နယ်နာယက ဦးမြင့်ကြိုင်က ပေးအပ်လှူဒါန်းပြီး ဆရာတော် ကိုယ်စား ကော့မှူးအနောက်ခြမ်း နယ်မြေတာဝန်ခံ ဦးကိုကိုလွင်က လက်ခံရယူခဲ့သည်။

မိုးညှင်းပြည်ခိုင်ဖြိုးအခြေခံစက်ချုပ်သင်တန်းဖွင့်

 

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားရေးရာ ကော်မတီကကြီးမှူးပြီး အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁)ဖွင့်ပွဲကို ယခုလ ၁၆ရက် မွန်းလွဲ ၁နာရီက ဟိုပင်မြို့ပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်စိုးက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးဌေးဝင်းကသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက် ကိုလည်းကောင်း၊ သင်တန်းတာဝန်ခံ ဒေါ်လင်း လင်းဝင့်က သင်တန်းစည်းမျဉ်းစည်းကမ်းများကို လည်းကောင်း ပြောကြားကြသည်။
သင်တန်းသို့သင်တန်းသူ ၄ဝ တက်ရောက်ပြီး သင်တန်းကာလမှာတစ်လကြာမြင့်မည်ဖြစ်ကြောင်း နှင့် ဦးကျော်ကျော်ဇင်နှင့်ဒေါ်ခင်ခင်ချောလွင်တို့ ကအပ်ချုပ်စက်သုံးလုံးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး IRI ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တွင် ဖွင့်လှစ်ထားသည့်International Republican Institute (IRI) မှ ဌာနေကိုယ်စားလှယ်ဖြစ် Director Mr.Stephen Cima ခေါင်းဆောင်သည့်အဖွဲ့ဝင် လေးဦး ပါ ကိုယ်စားလှယ်အဖွဲ့အား ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးကယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ(၅)တွင် လက်ခံတွေ့ဆုံ ခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် (IRI) ဌာနကိုယ်စားလှယ်က ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးသို့ကွင်း ဆင်း၍ ပါတီအသီးသီးနှင့်စပ်လျဉ်း သည့်စစ်တမ်းကောက်ယူခဲ့မှုအခြေ အနေများနှင့် နောင်လာမည့်အထွေ ထွေရွေးကောက်ပွဲအတွက် အလား တူစစ်တမ်းကောက်ယူမည့်အစီအစဉ် များအား အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် မြင်မြတ်ပညာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသုံးဗလာစာအုပ်များလှူဒါန်း

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်နှင့်ဇနီးဒေါ်မြတ်ငွေတို့ ထူထောင်ထားသော မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ
ပြင်ဦးလွင်မြို့နယ် သရက်ကုန်းကျေးရွာ၊ သင်္ဂတုံကျေးရွာ၊ ကျိုင်းတောင်ကျေးရွာများရှိ မူလွန်/မူလတန်းကျောင်းများသို့
ှလှူဒါန်းသည့်ဗလာစာအုပ်/လေးကြောင်းမျဉ်းစာအုပ်များကို
အလှူရှင်များ၏ကိုယ်စား (၁၈.၁.၂၀၁၇)ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးလင်းဇော်မင်းနှင့်အဖွဲ့မှ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

creditး ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ပုံမှန် အစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာ ပါတီကော်မတီများ လစဉ်ပုံမှန်အစည်းအဝေးကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁း၃၀ နာရီအချိန်တွင် ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဦးမျိုးမင်းလှိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်သူနှင့်အဖွဲ့များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ခေါင်းဆောင်များ၊ စည်းရုံးမှူးများစုစုပေါင်းအင်အား (၉၆)ဦးတက်ရောက်ကြပါသည်။

ဇီးကုန်းပြည်ခိုင်ဖြိုး နှစ်စဉ်ကြေးပေးအပ်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှစ်စဉ်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ပြုလုပ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထူးခိုင်ဦးဆောင်သော အဖွဲ့သည် အမှတ်(၁)ရပ်ကွက် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ဦးဝင်းနေအိမ်သို့ သွားရောက်ပြီး ပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။

မျိုးဇော်ထွန်း(ဇီးကုန်း)


ဇလွန်ပြည်ခိုင်ဖြိုးပါတီ မြန်မာ့ အလုပ်အကိုင် အခွင့်အလမ်းများပြပွဲသို့ သွားရောက်လေ့လာ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးနိုင်လင်း ဦး ဆောင်သောအဖွဲ့သည်ရန်ကုန် မြို့တွင် ကျင်းပသော ဒသမ အကြိမ်မြောက် မြန်မာ့အလုပ် အကိုင်အခွင့်အလမ်းများပြပွဲသို့ ယခုလ ၁၄ ရက်နံနက်ပိုင်းက LCCI ၊ ကွန်ပျူတာသင်တန်း သား သင်တန်းသူ ၁၄ ဦး တို့ သွားရောက်လေ့လာကြ ကြောင်းသိရသည်။

သံဃာတော်များ သီလဝိသုဒ္ဓိပရိဝါသ်ဆောက်တည်ပြီးဆုံးခြင်းအခမ်းအနား ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး တက်ရောက်လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကျော် စိုးဝင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စာဗူးတောင်းကျေးရွာရှိ ရွှေအင်ကြင်း တောရ၌ပြုလုပ်သော သံဃာတော်များ သီလဝိသုဒ္ဓိပရိဝါသ်ဆောက်တည်ပြီးဆုံး ပွဲအခမ်းအနားသို့ ယမန်နေ့ကတက်ရောက် ခဲ့ကြောင်း သိရသည်။

ကနန်းဒေသ မုနိရံသီရွှေပြည်အေးစေတီတော်အုတ်မြစ်စီအခမ်းအနား ပါတီဗဟိုဦးဆောင်ကော်မတီသူရဦးအေးမြင့် တက်ရောက်

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦး ဆောင်ကော်မတီ သီရိပျံချီသူရ ဦးအေးမြင့်သည် ယခုလ ၁၆ ရက် နံနက်၉နာရီတွင် ကနန်းဒေသ မကျည်းကုန်းကျေးရွာအုပ်စု နန်း တောကျေးရွာအရှေ့ဘက် ဓမ္မပါလ ကုန်းတော်ပေါ်တွင် တည်ထားကိုး ကွယ်မည့်မုနိရံသီရွှေပြည်အေး စေတီတော် မင်္ဂလာအုတ်မြစ်စီ အခမ်းအနားသို့ တက်ရောက်ပြီး မင်္ဂလာရွှေအုတ်၊ငွေအုတ်နှင့် ပတ္တ မြားအုတ်များကို စီစဉ်ဆောင်ရွက် ပေးခဲ့သည်။