ကနန်းဒေသ မုနိရံသီရွှေပြည်အေးစေတီတော်အုတ်မြစ်စီအခမ်းအနား ပါတီဗဟိုဦးဆောင်ကော်မတီသူရဦးအေးမြင့် တက်ရောက်

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦး ဆောင်ကော်မတီ သီရိပျံချီသူရ ဦးအေးမြင့်သည် ယခုလ ၁၆ ရက် နံနက်၉နာရီတွင် ကနန်းဒေသ မကျည်းကုန်းကျေးရွာအုပ်စု နန်း တောကျေးရွာအရှေ့ဘက် ဓမ္မပါလ ကုန်းတော်ပေါ်တွင် တည်ထားကိုး ကွယ်မည့်မုနိရံသီရွှေပြည်အေး စေတီတော် မင်္ဂလာအုတ်မြစ်စီ အခမ်းအနားသို့ တက်ရောက်ပြီး မင်္ဂလာရွှေအုတ်၊ငွေအုတ်နှင့် ပတ္တ မြားအုတ်များကို စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါအုတ်မြစ်တော်စီအခမ်း အနားသို့ ကနန်းဒေသဂိုဏ်းအုပ် မကျည်းကုန်းဆရာတော်အမှူးပြု သည့် ဆရာတော်သံဃာတော် များ၊ပြည်ခိုင်ဖြိုးပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ကနန်းဒေသခံ ပြည်သူများ တက်ရောက်ပူဇော်ကြ သည်။

ပါတီဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့်သည်စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ် အနောက်တောင်ထောင့် ဇီးဖြူတောင်တန်းဒေသတွင်နေထိုင် ကြသည့် ကနန်းတိုင်းရင်းသား လူမျိုးများ ကိုးကွယ်ရန်ရည်စူး၍ ရွှေတိဂုံပုံတူစေတီတော်ငါးဆူတို့ ဖြစ်သည့် ဟော်ယောကျေးရွာတွင် ဇမ္ဗူအေးစေတီတော်၊ မကျည်းကုန်း ကျေးရွာတွင် သန္တိဝရစေတီတော်၊ ရွှေကျောင်းကျေးရွာတွင် သန္တိသုခ ရွှေဘုန်းပွင့်စေတီတော်၊ ကျွန်းတော ကျေးရွာတွင် ဓာတုသမူဟနသီတာ အေးမြစေတီတော်၊တုန်းဘုတ်ကျေး ရွာတွင် ကမ္ဘာအေးဂြိုဟ်ရှစ်ခွင် ဆုတောင်းပြည့်စေတီတော်များအား ၁၉၉၈ခုနှစ်မှစတင်ပြီး ယနေ့အထိ တည်ထားခဲ့ရာ ယခုခြောက်ဆူ မြောက် မုနိရံသီစေတီတော်ကို နန်း တောကျေးရွာတွင် တည်ထားကိုး ကွယ်မည်ဖြစ်သည်။

အေးဇေယျာ