ကော့မှူးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်ထူကိုယ်ထကျေးရွာလမ်းဖောက်လုပ်ရေးအတွက်ငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီမှ ကော့မှူးအနောက်ခြမ်း မှော်တောကျေးရွာရှိ ရွာတွင်းချိတ် ဆက်လမ်းဖောက်လုပ်ခြင်းအတွက် အလှူငွေကျပ် တစ်သိန်းကျပ်ကို ကော့မှူးမြို့နယ်မြို့နယ်သံဃနာယက ဒုဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာ သိဒ္ဓိ(မှော်တောဘုရားကြီးကျောင်း တိုက်) ဆရာတော်ထံ နံနက် ၁ဝ နာရီတွင် လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်၌ ဆက်ကပ်လှူဒါန်း ပေးခဲ့ရာ ကော့မှူး ပြည်ခိုင်ဖြိုး ပါတီနာယက ဦးမြင့်ကြိုင်၊ မြို့နယ် ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်း၊ မြို့နယ်ကော်မတီဝင် ဦးလှဆန်း၊ ကော့မှူးအနောက်ခြမ်း နယ်မြေ တာဝန်ခံ ဦးကိုကိုလွင်တို့က လာ ရောက်လှူဒါန်းပေးခဲ့သည်။ ထိုသို့ လှူဒါန်းရာတွင် အလှူငွေကို ကော့မှူးပြည်ခိုင်ဖြိုးပါတီကိုယ်စား မြို့နယ်နာယက ဦးမြင့်ကြိုင်က ပေးအပ်လှူဒါန်းပြီး ဆရာတော် ကိုယ်စား ကော့မှူးအနောက်ခြမ်း နယ်မြေတာဝန်ခံ ဦးကိုကိုလွင်က လက်ခံရယူခဲ့သည်။

အဆိုပါကိုယ်ထူကိုယ်ထလမ်း ဖြစ်မြောက်ရေးကို ကော့မှူးမြို့နယ် သံဃနာယကဒုဥက္ကဋ္ဌ ဆရာတော် ကဦးဆောင်လျက် ကော့မှူးမြို့ နယ်အနောက်ခြမ်း၊ မှော်တော ကျေးရွာတွင်းလမ်းအတွက် အရှည် ပေ ၅၆ဝ၊ အကျယ်ပေ ၂ဝ၊ အမြင့် ၄ပေရှိ မြေသားလမ်းရွာတွင်း ချိတ် ဆက်လမ်းကိုဖောက်လုပ်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ဖောက်လုပ်ရာ တွင် လမ်းနယ်အတွက်လိုအပ်သော ၂၆၈ ပေမြေကို ဦးစိန်သန်းထွန်းက လှူဒါန်းပြီး ကျန်မြေသည် ဘုန်း တော်ကြီးကျောင်းပိုင်မြေဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ရေး လုပ်ငန်းတွင် ကျေးရွာအုပ်ချုပ်ရေး မှူး ဦးဝင်းဇော်နှင့် အုပ်ချုပ်ရေးအဖွဲ့ များ၊ကျောင်းဂေါပကဥက္ကဋ္ဌဦးတင် ထွဋ်နှင့်ဂေါပကအဖွဲ့များ၊ ကျေးရွာ ရှိ ရွာမိရွာဖများ၊ ကျေးရွာလူငယ် များနှင့် ကျေးရွာတွင်းရှိ လူမှုရေး အဖွဲ့အစည်းများမှ စုပေါင်းဝိုင်းဝန်း ကာ ကိုယ်ထူကိုယ်ထလမ်းပြီးစီး ရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြကြောင်း၊ လမ်းဖောက်လုပ်ခြင်း ပြီးစီးအောင်မြင်ရေးအတွက်ကော့မှူး မြို့နယ် သံဃနာယကဒုဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာသိဒ္ဓိက လိုအပ်ချက်များဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းဆရာ တော်က မိန့်ကြားသည်။

မြတ်ဟိန်းကျော်(ကော့မှူး)