ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ’ဒိုင်း’ဘောလုံးဗိုလ်လုပွဲ ပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်အားပေး ဆုချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂ဝ၁၆-၂ဝ၁၇ခုနှစ် ပထမ အကြိမ် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ‘ဒိုင်း’ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကို ယနေ့ညနေ ၄ နာရီကကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ‘ဒိုင်း’ ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှ ယနေ့အထိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရှိ ဘော လုံးကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေရှစ်မြို့နယ်မှ ရှစ်သင်းနှင့် ပါတီဌာနချုပ်မှတစ် သင်းစုစုပေါင်းကိုးသင်း ပါဝင်ယှဉ် ပြိုင်ခဲ့ရာ ယနေ့ကျင်းပသည့် ဗိုလ် လုပွဲတွင် ပျဉ်းမနားမြို့နယ် ပါတီ အသင်းနှင့် တပ်ကုန်းမြို့နယ်ပါတီ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပျဉ်းမနားမြို့နယ်ပါတီအသင်းက တပ်ကုန်းမြို့နယ်ပါတီအသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌဒိုင်းဆုကိုပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ချီးမြှင့်ပေးခဲ့ပြီး
ပထမဆုရ ပျဉ်းမနားမြို့နယ်ပါတီအသင်းအား ဆုငွေ ကျပ် ၅ဝဝဝဝဝ နှင့် ဆုတံဆိပ်လည်ဆွဲများ အား ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးဝေလွင်က လည်းကောင်း၊ ဒုတိယဆုရ တပ်ကုန်းမြို့နယ် ပါတီအသင်းအား ဆုငွေကျပ် ၃ဝဝဝဝဝ နှင့် ဆု တံဆိပ်လည်ဆွဲများကို ပြည်ထောင်စုနယ်မြေ နာယကဦးခင်မောင်ဌေးကလည်းကောင်း၊ တတိယ ဆုငွေကျပ် ၁၅ဝဝဝဝ နှင့်ဆုတံဆိပ်လည်ဆွဲများကို ပြည်ထောင်စုနယ်မြေနာယက ဦးမှတ်ကြီးကလည်း ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

သာလှ(ပျဉ်းမနား)