မိုးညှင်းပြည်ခိုင်ဖြိုးအခြေခံစက်ချုပ်သင်တန်းဖွင့်

 

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားရေးရာ ကော်မတီကကြီးမှူးပြီး အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁)ဖွင့်ပွဲကို ယခုလ ၁၆ရက် မွန်းလွဲ ၁နာရီက ဟိုပင်မြို့ပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်စိုးက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးဌေးဝင်းကသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက် ကိုလည်းကောင်း၊ သင်တန်းတာဝန်ခံ ဒေါ်လင်း လင်းဝင့်က သင်တန်းစည်းမျဉ်းစည်းကမ်းများကို လည်းကောင်း ပြောကြားကြသည်။
သင်တန်းသို့သင်တန်းသူ ၄ဝ တက်ရောက်ပြီး သင်တန်းကာလမှာတစ်လကြာမြင့်မည်ဖြစ်ကြောင်း နှင့် ဦးကျော်ကျော်ဇင်နှင့်ဒေါ်ခင်ခင်ချောလွင်တို့ ကအပ်ချုပ်စက်သုံးလုံးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စောငြိမ်းချမ်း