ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော ဖြိုးစေတနာ နယ်လှည့်အခမဲ့ဆေးကုသမှုအဖွဲ့ ကျေးရွာများအရောက်ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတင်ဝင်းနှင့် ရန်ကုန် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မင်း တို့ဦးဆောင်မှုဖြင့် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ‘ဖြိုးစေတနာ’ တာဝန်ခံဆရာဝန် ဒေါက်တာသိန်းဇော်မြင့်တို့ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း ကော့မှူးမြို့နယ်အတွင်း သွားလာရခက်ခဲသောကျေးရွာများ အရောက်ကျန်းမာရေးစောင့်ရှောက် ကုသပေးလျက်ရှိရာ ကော့မှူး အရှေ့ခြမ်း သမင်ခြံကျေးရွာအုပ်စု ဆိုင်ကလုန်းရှယ်တာတွင် နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ အနီး ဝန်းကျင် ကျေးရွာများဖြစ်သော ထန်းတပင်ကျေးရွာ၊ သရက်တော ကျေးရွာ၊ တာတိုက်ကျေးရွာများမှ လူနာ ၂၄ဝ ကို ကုသပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကုသရေး အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဦးတင်လင်း၊ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယကဦးဝင်းထိန်၊မြို့နယ်အတွင်း ရေးမှူး ဦးကြည်ငြိမ်း၊ အရှေ့ခြမ်း တာဝန်ခံများဖြစ်သော ဦးထွန်းစိုး၊ ဦးအေးကြိုင်၊ ဦးခိုင်ဇော်ဦး၊ ဦးမင်း မင်းထွဋ်၊ ကျေးရွာပါတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းမြင့် နှင့် ရွာမိရွာဖများ၊ တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (ဆေးအဖွဲ့)တို့က ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။

ဆက်လက်၍ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင် ဝင်းက သမင်ခြံဆေးကုသရေး အ ထောက်အကူဖြစ်စေရန် အလှူငွေ ကျပ်တစ်သိန်းကို လှူဒါန်းခဲ့ရာ ဒေါက်တာသိန်းဇော်မြင့်က လက်ခံ ရယူခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)