ဗဟိုဦးဆောင်ကော်မတီဝင် ဦးခင်အောင်မြင့်နှင့်မန္တလေးခရိုင်ပါတီဝင်များတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော်မတီ ဝင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ရမည်းသင်းခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်မြင့်သည် ယနေ့မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမတွင်မန္တလေး ခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ဗဟိုဦးဆောင်ကော်မတီဝင် ဦးခင်အောင်မြင့်ကပါတီစည်းရုံးရေး ဆိုင်ရာဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များ၊ ပြည်သူလူထုနှင့်ထိတွေ့ ၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေး၊ အောင်မြင်သော စည်းရုံးရေးသမား ကောင်းများဖြစ်ရန် မိမိကိုယ်ကို မိမိ လေ့ကျင့်ပျိုးထောင်ရေး၊ ပါတီ ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက် များပေါက်မြောက်အောင်မြင်ရေး အတွက် ပါတီဝင်အားလုံး ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ရေးအစရှိသည့် ကိစ္စရပ်များအပါအဝင် လက်ရှိဖြစ် ပေါ်နေသောနိုင်ငံရေးနှင့်စီးပွားရေး အခြေအနေများအပေါ်တက်ရောက် လာသည့်ပါတီဝင်များအားဆွေးနွေး ရှင်းလင်းပြောကြားခဲ့သည်
တွေ့ဆုံပွဲအခမ်းအနားသို့ ပြည် ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော် မတီအဖွဲ့ဝင် ဦးခင်အောင်မြင့်၊ ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေး မှူး ဦးအောင်ကျော်မိုး၊ တိုင်း ဒေသကြီးပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့်ကော်မတီဝင်များ၊ မန္တလေး ခရိုင်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ် မှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများနှင့်ကော်မတီဝင်များ၊ ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များ နှင့်ပါတီဝင်များ စုစုပေါင်းအင်အား ၃၅ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သုတ