ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပါတီရုံးတွင် ခရိုင်နှင့်မြို့နယ်ကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေအတွင်း ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီ ဝင်များအား ခရိုင်ပါတီကော်မတီ နှင့် မြို့နယ်ပါတီကော်မတီတို့မှ ရက်သတ္တပတ်တစ်ပတ်လျှင် တစ် ရက် တွေ့ဆုံလျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ပါတီဝင်များ နှင့် မြို့နယ်ပါတီရုံးအစည်းအဝေး ခန်းမဆောင်၌ တွေ့ဆုံကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင်ဦးတင်အောင်၊ အရန် ဗဟိုကော်မတီဝင်ရန်ကုန်(အရှေ့ ပိုင်း)ခရိုင် ဥက္ကဋ္ဌ ဦးစိန်မြင့်၊ အရန် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ရန်ကုန်(အရှေ့ပိုင်း)ခရိုင်အတွင်းရေး မှူးဒေါက်တာကျော်စိုး၊ဘဏ္ဍာရေး မှူး(နယ်မြေတာဝန်ခံ)ဒေါ်အေးအေး မြင့်၊ ပထမအကြိမ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်ထူး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့်မြို့နယ်ကော်မတီဝင် များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီဝင်များ စုစုပေါင်း ၉၇ ဦး တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင်က ပါတီ၏ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့် အခြားလိုအပ်သည် များကို မှာကြားဆွေးနွေးသည်။ ပါတီအရန်ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့်ခရိုင်ပါတီဥက္ကဋ္ဌဦးစိန် မြင့်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်စိုး၊ ဘဏ္ဍာရေးမှူး(နယ်မြေ တာဝန်ခံ)ဒေါ်အေးအေးမြင့်တို့က မိမိတို့ ခရိုင်ပါတီကော်မတီအနေ ဖြင့် မြို့နယ်ပါတီကော်မတီများနှင့် ချိတ်ဆက်၍ ဒေသခံပြည်သူများ အတွက် ဒေသဖွံ့ဖြိုးရေးအကျိုးပြု လုပ်ငန်းများဆောင်ရွက်ပေးနေမှု နှင့် အခြားလုပ်ငန်းများတွင် ပံ့ပိုး ကူညီဆောင်ရွက်ပေးနေမှုများ၊ ၂ဝ၁၇ ခုနှစ်ကြားဖြတ်ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် ဆောင် ရွက်နေမှုများ၊ရွေးကောက်ပွဲကာလ မဲရုံကိုယ်စားလှယ်များ သိသင့် သိထိုက်သည့် အချက်အလက်များ အား ရှင်းလင်းဆွေးနွေးပေးကြ သည်။ ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်က မိမိမြို့နယ် အတွင်း ပါတီစည်းရုံးရေးဆောင် ရွက်နေမှုနှင့် ပါတီဝင်အင်အားများ ကွင်းဆင်းစိစစ်ဆောင်ရွက်နေမှုလုပ် ငန်းအခြေအနေများ၊ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးအတွက် စီမံဆောင်ရွက်နေမှု များကိုတင်ပြဆွေးနွေးခဲ့သည်။ ထို့ နောက် တွေ့ဆုံဆွေးနွေးပွဲတက် ရောက်လာကြသည့် ရပ်ကွက်နှင့် ကျေးရွာပါတီဝင်များက ၄င်းတို့ နယ်မြေအလိုက်ပြည်သူနှင့်ထိတွေ့ ဆောင်ရွက်ကြရာတွင်ဒေသခံပြည် သူလူထုမှပြန်လည်ပြောကြားသည့် ပြည်သူတို့၏ခံစားချက်များ၊လိုအပ် ချက်အသံများအားတင်ပြဆွေးနွေး ကြပြီးပါတီတာဝန်ရှိသူများကဖြည့် ဆည်းဆောင်ရွက်ပေးနိုင်မှုအခြေ အနေများကိုပြန်လည်ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရသည်။

လှမျိုး(ဒဂုံအရှေ့)