မန္တလေးတိုင်းဒေသကြီးပါတီရုံးဦးစီးအဖွဲ့များ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရးပါတီရုံးခန်းမ၌ ရုံးဦးစီးအဖွဲ့များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ (၅) ရက် နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင်/ မိတ္ထီလာခရိုင်/ ရမည်းသင်းခရိုင်/ညောင်ဦးခရိုင်များအတွင်းရှိ ခရိုင်ဥက္ကဌများ၊ မြို့နယ် ဥက္ကဌများနှင့် သင်တန်း တက်ရောက်ကြမည့် ရုံးဦးစီးအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ အဖွင့် အမှာစကားပြောကြားကာ သင်တန်းတာဝန်ခံ ဦးမျိုးမြင့်မှ သင်တန်း စည်းမျဉ်းစည်းကမ်းများ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး