ရှမ်းမြောက် မိုးမိတ်ခရိုင် လူငယ်များ ဘုရားတည်ဆောက်ရေး လုပ်အားကုသိုလ်ယူ

 

ရှမ်းမြောက် မိုးမိတ်ခရိုင် ဥက္ကဌ ဦးစိုးမြင့် မြို့နယ်ပါတီဥက္ကဌ ဒေါ်နန်းခင်မြင့်ဌေးနှင့် မြို့နယ်ကော်မတီဝင်၊ အရံကော်မတီဝင်၊ ရပ်/ကျေး ဥက္ကဌများ၊ လူငယ်ပါတီဝင်များ၊ ခရိုင် / မြို့နယ်ရုံးအဖွဲ့များ စုစုပေါင်း (၆၀) ဦးတို့သည် ယနေ့နံနက် (၆း၄၅) အချိန်တွင် လက်ခုပ်တန်းရပ်ကွက် သန္တိသုခဓမ္မာရုံ ပရိဝုဏ် အတွင်း၌ တည်ထားကိုးကွယ်မည့် လောကမာရ်အောင်စေတီတော် တည်ဆောက်ရေး ကျောက်သရစ်လောင်းခြင်းလုပ်ငန်းတွင် လုပ်အားကုသိုလ်ယူခဲ့ကြပါသည်။ အလှူရှင်များမှ ကောက်ညင်းပေါင်း၊ အကြော်၊ ကော်ဖီ၊ လဘက်ရည်များ ဧည့်ခံကျွေမွေးခဲ့ကြပြီး နံနက် (၁၀း၄၅) တွင် လုပ်အားကုသိုလ် ရပ်နားခဲ့ကြပြီး ရေစက်ချအမျှအတမ်း ပေးဝေခဲ့ကြပါသည်။

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ “ ဖြိုးစေတနာ နာရေးကူညီမှုအသင်း´´ ၏ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

 

၂၈.၆.၂၀၁၈ ရက်နေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တည်ထောင်ထားသော “ ဖြိုးစေတနာ နာရေးကူညီမှုအသင်း ´´ ၏ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့လည် (၁၂း၃၀) အချိန်တွင် စတင် ကျင်းပရာ အစည်းအဝေးသို့ နာရေးအသင်းဥက္ကဌ (မြို့နယ်ပါတီဥက္ကဌ) ဒေါ်နန်းခင်မြင့်ဌေး တက်ရောက်လမ်းညွှန် အကြံပြု ဆွေးနွေးခဲ့ပါသည်။
ဒုတိယပိုင်းတွင် ဆက်လက်၍ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။ တက်ရောက်လာသော မြို့နယ် EC ၊ အရံ EC ၊ ရပ်/ကျေးဥက္ကဌများမှ ဆွေးနွေးခဲ့ကြပြီး ဇူလိုင်လတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ချမှတ်ခဲ့ပြီးး အစည်းအဝေးကို နေ့လည် (၃း၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း

 

၂၈.၆.၂၀၁၈ ၊ မွန်းလွဲ(၂:၀၀) နာရီအချိန် မိုင်းပျဉ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်း၌ မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုပါတီကော်မတီဝင် ဦးစိုင်းထွန်းစိန် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ လူငယ်ပါတီကော်မတီဝင်များတို့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပါသည်။
ဆက်လက်၍ ကျိုင်းတုံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးမှ နေပြည်တော် လူငယ်တွေ့ဆုံပွဲသွားရောက်ခဲ့သည့် မိုင်းပျဉ်းပြည်ခိုင်ဖြိုးလူငယ်ပါတီဝင်များအား ထောက်ပံ့ငွေကျပ် (၁) သိန်းကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းက လူငယ်များထံအပ်နှံပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟိုအလုပ်အမှုဆောင်/မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်) ဦးလင်းဇော်ထွန်း၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ် လှုပ်ရှားမှုများ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ ရောက်ရှိနေသော ဗဟိုအလုပ်အမှုဆောင်/ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းသည် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့်ဦးအားကို တို့နှင့်အတူ (၂၈.၆.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် ခန်းမဆောင်၌ ကျင်းပပြုလုပ်သော မိုင်းဖြတ်မြို့နယ် မီးလင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့်အုပ်စုစာရေးများ၊ မိုင်းဖြတ်မြို့နယ်တွင် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကန်လုံ ရေအားလျှပ်စစ်ကုမ္မဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မိုင်းဖြတ် မြို့နယ်တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ပါသည်။

သီ​ပေါ​တွင်​ ဗမာတိုင်းရင်းသား​ရေးရာဝန်​ကြီး ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့် တွေ့ဆုံ

 

၂၇.၆.၂၀၁၈ ရက်​နေ့ နံနက်​ ၁၁း၃၀ နာရီက သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမတွင်​ ဗမာတိုင်းရင်းသား​ရေးရာဝန်​ကြီး ဒေါက်တာအောင်​သန်း​မောင်​သည်​ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိုင်းလင်း၊ ခရိုင်​ပါတီ​ကော်​မတီ ဦးအုန်း​မောင်​၊ မြို့နယိပါတီဥက္ကဌ. ဦး​အောင်​​အောင်​ ၊ မြို့နယ်​​ကော်​မတီဂင်​များ၊ အရံ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးဥက္ကဌနင့် ရပ် /ကျေးပါတီအဖွဲ့ဝင်​များနှင့် ​တွေ့ဆုံ၍ နှုတ်​ဆက်​အမှာစကား​ပြောကြားခဲ့ရာ ..တက်​​ရောက်​လာကြသူများက ပြန်​လည်တင်ပြ​ဆွေး​နွေးခဲကြ​ကြောင်း သိ့ရပါသည်​။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ လ၀ါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့  ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်း

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ကော်မတီဝင် ဦးတိုးမြင့်အောင်.၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ခင်ဝိုင်းချစ်၊ မြို့နယ်ပါတီကော်မတီဝင်ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ ဦးသန်းမြတ်စိုး၊ ကျေးရွာပါတီဥက္ကဌ ဦးထွန်းခိုင်နှင့်အဖွဲ့ဝင်တို့သည် ဇွန်၂၅ ရက်နေ့က လဝါကျေးရွာအခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/သူ (၂၀၉) ဦးအား ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် (၅) အုပ်နှုန်း ဘော့ပင်တစ်ချောင်းစီဖြင့် ဗလာစာအုပ်ဒါဇင် (၇၉) ဒါဇင်နှင့်ဘော့ပင်အချောင်း (၂၀၉) ချောင်းအား သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြသည်။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အမက ၁ သို့ သွားရောက်ပြီး ကျောင်းသုံးဗလာစာအုပ်များလှူဒါန်း

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ဘဏ္ဍာရေးမှူး ဦးဇော်မင်းနောင်တို့နှင့်အတူ ဇွန်၂၁ ရက်နေ့က အမက ၁ သို့ သွားရောက်ပြီး ကျောင်းသား/သူ ၃၈ ဦးအား တစ်ဦးလျှင် ၅ အုပ်နှုန်းဖြင့် ကျောင်းသုံးဗလာစာအုပ် ၁၉၀ အုပ်အား သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြပါသည်။

ရှမ်း/မြောက် လူငယ်လှုပ်ရှားမှု့အဖွဲ့နှင့် သီပေါ ဖြိုးစေတနာရှင်အဖွဲ့မှ ဆေးရုံတက် လူနာအားထောက်ပံ့ကူညီ

 

သီပေါမြို့ “ဖြိုးစေတနာရှင် “လူမှု့ကူညီရေး အဖွဲ့သည် ယမန်နေ့က မြို့နယ်ပါတီ ဥက္ကဌ. ဦးအောင်အောင် အသင်းဥက္ကဌ ဒေါ်လှလှဝင်း(အမျိုးသမီးရေးရာ)၊ဒုတိယဥက္ကဌ ဦးကျော်လှိုင်(မီဒီယာ)၊ ရှမ်း/မြောက် လူငယ်လှုပ်ရှားမှု့အဖွဲ့ ဒုခေါင်းဆောင် မိုင်းဟန်ဝင်းအောင် တို့နှင့် အတူ သီပေါမြို့ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီးတွင် ယာဉ်အက်ဆီးဒင့်ကြောင့် ဆေးရုံတက်ရောက်ကုသနေရသော နောင်အန်ကျေးရွာမှ့ ပါတီဥက္ကဌ ဦးမြင့်အောင် အတွက် “ဖြိုးစေတနာရှင်” အဖွဲ့ က ထောက်ပံ့ငွေ ၂သောင်း ကျပ်အား သွားရောက် ကူညီပေး အပ်ခဲ့ကြပါသည်။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ မလှိုင်ကုန်းကျေးရွာအုပ်စု အင်ကျေးရွာ အမကသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်း

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ဇွန် ၁၃ ရက်နေ့က ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်လူငယ်ရေးရာဥက္ကဌ ဦးစိုင်းမောင်မောင်ကျော်တို့နှင့်အတူ မလှိုင်ကုန်းကျေးရွာအုပ်စု အင်ကျေးရွာ အမကသို့ သွားရောက်ပြီး ကျောင်းသား/သူ (၂၈) ဦးအား ကျောင်းသုံးဗလာစာအုပ် တစ်ဦးလျှင် (၄) အုပ်နှုန်းဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။ (၁၁) နာရီအချိန်တွင် ကျေးရွာဓမ္မာရုံတွင် တောင်သူများနှင့်တွေ့ဆုံပြီး အင်မလယ်ချောင်းမှာ မြေသားတမံတည်ဆောက်ပေးရေးအတွက် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံအောင်မှ အမျိုးသားလွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းမှုအား သက်ဆိုင်ရာမှ ဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန၏ဖြေကြားချက်များကို မြို့နယ်ပါတီဥက္ကဌက ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်ဆွေးနွေးချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့
ပါသည်။

ထီးတော်တင်အလှူမင်္ဂလာပွဲသို့ တက်ရောက်ခြင်း

 

(၁၃-၆-၂၀၁၈) ရက်နေ့တွင်၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊ (အိုဆဲဗင်းတောင်)ကုသိန္နာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်အပ်သော ရန်အောင်မြေအဘယလာဘမုနိစေတီတော်မြတ်ကြီးအား ထီးတော်တင်ပူဇော်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုပါတီက်ာမတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်သည့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု မှ ပါတီအမျိုးသမီးအဖွဲ့အင်အား (၄၀) ဦး တက်ရောက်ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Htat Pine Soe