မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

မဘိမ်း သြဂုတ် ၂၇

မိုးမိတ်ခရိုင် ပါတီအတွင်း ရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ တို့သည် ယမန်နေ့က ပြင်လဟာ ရွာသို့ရောက်ရှိပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။ တွေ့ဆုံပွဲသို့ ခိုတာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်လွင်ဝင်း၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများ၊ ဆယ် အိမ်မှူးများ၊ ဒေသခံပြည်သူ ၁၈ဝ တက်ရောက်ခဲ့ကြသည်။

စာရေးကိရိယာလှူဒါန်း

 

နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော် မတီဝင်များ၊ ကြူဆော့ကျေးရွာပါတီကော်မတီဝင်များနှင့် စည်းရုံး ရေးမှူးများသည် သြဂုတ်၂၁ရက်မွန်းလွဲ၂နာရီတွင် ကြူဆော့ ကျေးရွာအမကကျောင်းသားကျောင်းသူများကို အာဟာရကြက် သားဆန်ပြုတ်ဖြင့်ဒါနပြု၍ ဗလာစာအုပ်နှင့်စာရေးကိရိယာများ သွားရောက်လှူဒါန်းစဉ်။

NWT


ရှမ်းရှေ့ ပြည်ခိုင်ဖြိုးပါတီမှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် ဦးတင့်လှိုင်မြင့်နှင့် ဌာနစုမှူးဦးခင်မောင်ရင်တို့သည် သြဂုတ် ၂၂ရက် နံနက် ၉နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ကော်မတီဝင်များ၊ တာချီလိတ်ခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးကြစဉ်။


ပါတီစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများရှင်းလင်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် ဦးတင့်လှိုင်နှင့် ဌာနစုမှူးဦးခင်မောင်ရင်တို့သည် သြဂုတ် ၂ဝရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခဲ့စဉ်။

SE

မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း၊ သြဂုတ် ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဝေးလံခေါင်းပါး ဒေသရှိ ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပစ္စည်းများပေးအပ်ခြင်း၊ သဘာဝဘေးဒဏ်ကြုံတွေ့ခံစားရ သော ဒေသခံပြည်သူများကို သွားရောက်အားပေးပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း၊ ဘာသာ လူမျိုး မရွေး နာရေးကိစ္စများတွင် ကူညီဆောင်ရွက်ပေးခြင်း စသည့် လူမှုကူညီရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထူးချွန်ကျောင်းသားများနှင့်ဆရာများအား ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ရပ်စောက် သြဂုတ် ၁၃

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသော(၂ဝ၁၇-၂ဝ၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများ အား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်များဖြစ်ကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းလုံကျော်၊ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်မြင့်တို့နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပါတီဆိုင်းဘုတ်တင် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်

 

နောင်ချိုမြို့နယ် လုံရုံးအုပ်စု၊ အုမ္မခါးအုပ်စု၊ ဆမ္မဆယ်အုပ်စု၊ သုံးဆယ်အုပ်စုတို့တွင် ယနေ့နံနက် ပိုင်းက ကျေးရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ်တင်ပွဲများ ဆက် တိုက်ကျင်းပရာ ရှမ်း(မြောက်) ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးမှူး ဦးခင်မောင်ချို နှင့်အဖွဲ့၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိန် ကြီး၊ အတွင်းရေးမှူး ဦးကျော်မြင့် နိုင်၊ ပါတီကော်မတီဝင်များဖြစ်ကြ သည့် ဦးတင်အောင်ဝင်း၊ ဦးညွန့် ဝင်း၊ ဦးသိန်းထွန်းဦး၊ ဦးကျော် လှိုင်၊ ဦးမျိုးနိုင်၊ ဦးမြင့်သန်းနှင့် ပါတီအရန်ကော်မတီဝင်များ၊ ရပ် ကွက်/အုပ်စုအသီးသီးမှ ပါတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖ များနှင့် အသင်းအဖွဲ့များ တက် ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလု

 

(၁၀-၈-၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီ အချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကော်မတီ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။
အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရေးမှူး၊ ဘဏ္ဍာရးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင် (၆) ခရိုင်မှ ဥက္ကဌများ၊ လားရှိုးခရိုင်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး၊ လားရှိုးမြို့နယ်ဥက္ကဌ၊ လူငယ်တာဝန်ခံ၊ အမျိုးသမီးရေးရာတာဝန်ခံ၊ မီဒီယာတာဝန်ခံ၊ စုစုပေါင်း (၂၃) ဦး တက်ရောက်ကြပါသည်။၊

သီ​ပေါတွင်​ ပါတီဆိုင်းဘုတ်​တင်ခြင်းနှင့်​ ၀ါဆိုသင်္ကန်း ကပ်​လှူ

 

သီ​ပေါ သြဂုတ်​ ၆.
ရှမ်း/​မြောက်​ ​ကျောက်​မဲခရိုင်​ သီ​ပေါမြို့ နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဆိုင်းဘုတ်​တင်​ အခမ်းအနားနှင့် ၀ါဆိုသင်္ကန်း ကပ်​အလှူ ​တော်​မင်္ဂလာ အခမ်းအနားကို ၆.၈.၂၀၁၈ ​နေ့ နံနက်​ ၀၈း၅၅ အချိန်​တွင်​ စတင်​ကျင်းပရာ ရှေးဦးစွာ မြို့နယ်​ပါတီဆိုင်းဘုတ်​ကို မြို့နယ်​ဥက္ကဌ ဦး​ဆောင်​​သောမြို့နယ်​​ကော်​မတီများနှင့် ရပ်​ကျေးပါတီအဖွဲ့ဝင်​များ လူငယ်​အဖွဲ့များ စု​ပေါင်းသယ်​​ဆောင်​၍ သတ်​မှတ်​​နေရာ၌ တပ်​ဆင်​​ပေးခဲ့ကြပါသည်​။