ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် / ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဖြတ်မြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်


မိုင်းဖြတ် ၊ ဧပြီ ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ ဘုန်းကြီးကျောင်းရှိ အာယုဒီဃ ဆွမ်းစားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒတောင်တန်းသာသနာပြု (ဗဟို) ကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်သတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မိုးမိတ် မတ် ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပြည်နယ်ကော်မတီဝင် ဒေါက်တာမောင်တီ၊ မိုးမိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ကော်မတီဝင်အဖွဲ့သည် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲက တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့သည်။

မဘိမ်းပြည်ခိုင်ဖြိုးပါတီမှ ရပ်/ကျေးပါတီ ကော်မတီအဖွဲ့များ တွေ့ဆုံ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊မဘိမ်းမြို့နယ် ပြည်ခိုင်ဖြုးပါတီရုံးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်နှင့် ပြည်နယ်ကော်မတီဝင် ဒေါက်တာမောင်တီ၊ မိုးမိတ်ခရိုင်ပါတီ ဥက္ကဌ ဦးစိုးမြင့် နှင့် ခရိုင်အတွင်းရေးမှူး ဦးမြင့်လှိုင်တို့အဖွဲ့သည်
ယနေ့ (၂၃-၃-၂၀၁၈)ရက်နေ့ နံနက် (၀၉း၃၀) နာရီ အချိန်တွင် ပါတီနာယကနှင့် အကြံပေးအဖွဲ့များ မြို့နယ်ပါတီ ကော်မတီဝင်များ ရပ်/ကျေးပါတီ ဥက္ကဌနှင့် ကော်မတီအဖွဲ့များအား လာရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စည်းရုံးရေးလုပ်ငန်း လူငယ်ရေးရာ၊ သတင်းမီဒီယာကိစ္စ ရပ်များကို ဆွေးနွေးညှိနှိုင်းမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(၄၅)နှစ်မြောက် ကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနားသို့ မိုင်းဆတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ရေသန့်ဗူးများ သွားရောက်လှူဒါန်းခြင်း

 

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း)၊ မိုင်းဆတ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ခရိုင်​အတွင်းရေးမှူး ဦးအောင်မင်းနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ကော်မတီဝင်များ၊ ပါတီရုံးဝန်​ထမ်းများသည်​(၂၀.၃.၂၀၁၈)ရက်​​နေ့တွင်​ မိုင်းဆတ်မြို့နယ် မြို့သစ်ရပ်ကွက် တိုင်းရင်းသားနှစ်ခြင်း ခရစ်ယာန်ကျောင်းတော်၌ ကျင်းပနေသော (၄၅)နှစ်မြောက် ကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနားသို့ သွားရောက်၍ ရေသန့်ကပ် (၁၀၀) အား လှူဒါန်းခဲ့ပါ သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ


ပြည်ခိုင်ဖြိုးပါတီမှ တိုက်ပွဲရှောင်ပြည်သူများသို့ ဆန် (၁၀) အိတ်သွားရောက်လှူဒါန်း

 

(15-3-2018) ရှမ်းပြည်နယ်(မြောက်ပိုင်း) လာရှိုး – နမ္မတူ လမ်းအပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု နမ့်ကတ်ကျေးရွာနှင့် (၁၉) မိုင် ကျေးရွာ များမှ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၄၃) စုလူဦးရေ (၁၄၁) ဦးတို့ေ ခတ္တပြောင်းရွေ့ နေထိုင်သော လားရှိုးမြို့နယ် လွယ်တောက်ကျေးရွာရှိကိုယ့်အားကိုယ်ကိုးဖြူစင်မေတ္တာမူကြိုကျောင်းဆောင်သို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီက လှူဒါန်းသည့် ဆန်(၁၀) အိတ်ကို ပြည်နယ်နှင့် မြို့နယ်ပါတီကော်မတီအဖွဲ့တို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

မိုင်းဆတ်မြို့နယ် ပြည်​ခိုင်​ဖြိုးပါတီ ​ကျေးရွာပါတီဥက္ကဌများအား တာဝန်​​ပေးအပ်​ခြင်း

 

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း)၊ မိုင်းဆတ်​မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးဒါဝိဒ်​၊ အတွင်း​ရေးမှူးဦးစိုင်းမိုး​ဇော်​ဦးနှင့်​ ရပ်​​ကျေးစည်းရုံး​ရေးမှူးများလိုက်​ပါ၍ (၁၄.၃.၂၀၁၈)​ ရက်နေ့တွင် ​မိုင်းဆတ်​မြို့နယ်​၊ မိုင်းတွမ်းတောင်ပေါ်အုပ်​စု ပူနားကိုကျေးရွာသို့ ကွင်းဆင်းသွား​ရောက်​ခဲ့ပြီေ​ကျးရွာရှိအမာခံပါတီဝင်​များနှင့်​ ​တွေ့ဆုံခဲ့ပြီး ​ကျေးရွာပါတီတာဝန်​ခံနှင့်​ ရပ်​​ကျေးပါတီဥက္ကဌများ ​ရွေးချယ်​တာဝန်​​ပေးအပ်​ခဲ့​ကြောင်းသိရှိရပါသည်​ ။

Crd;


ပြည်ခိုင်ဖြိုးလစဉ်ပုံမှန် ရပ်ကျေးစည်းမှုးများ တွေ့ဆုံပွဲကျင်းပ

 

မိုင်းယောင်း မတ်လ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်ခရိုင်၊မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ယနေ့မနက်(၉း၀၀)နာရီမှ(၁၁း၀၀)အတွင်းလစဉ်ပုံမှန် ရပ်ကျေးစည်း/မှူးများတွေ့ဆုံပွဲကျင်းပပြုလုပ်သည် ။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ အထက်ပါတီဗဟိုအဆင့်ဆင့်၏ ညွှန်ကြားချက်များဆောင်ရွက်ခြင်း၊ လတ်တလောနိုင်ငံရေးဦးတည်ရာလမ်းကြောင်းနှင့် အောက်ခြေရပ်ကျေးစည်း/မှူးတို့၏ အကြံပြုတင်ပြချက်အပေါ် အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ခဲ့သည် ။

ယင်းတွေ့ဆုံပွဲတွင် အောက်ခြေ ရပ်ကွက်(၉)ရပ်ကွက်၏ ပါတီစည်း/မှူး ဥက္ကဌရွှေးခြယ်ခန့်ထားခြင်းအားအတည်ပြုခြင်း၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမားကိုယ်စားပြုအဖွဲ့ခေါင်းဆောင်များအား ရွှေ့းခြယ်ခန့်ထားခြင်းကိုလည်း ဆွေးနွေးခဲ့ကြသည် ။

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု ဥက္ကဌ တာဝန်ပေးအပ်ပွဲကျင်းပ

 

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီရပ်ကွက်ကျေးရွာအုပ်စု ဥက္ကဌ တာဝန်ပေးအပ်ပွဲကို ၁၃.၃.၂၀၁၈ ရက်နေ့ နံနက် (၉း၃၀) နာရီတွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားသို့ မိုးမိတ်ခရိုင်ဥက္ကဌ ဦးစိုးမြင့်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်နာယကနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ဥက္ကဌ နှင့် လူငယ်အမျိုးသမီးရေးရာ အဖွဲ့များ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြပါသည်……
အခမ်းအနားတွင် ရပ်ကွက်ကျေးရွာအုပ်စု (၁၉) အုပ်စုအား ဥက္ကဌတာဝန်များ ပေးအပ်နိုင်ခဲ့ကြောင်း တင်ပြအပ်ပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ခရိုင်/ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်အဖွဲ့များအား လာရောက်တွေ့ဆုံ

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်း ပြည်နယ်လူငယ်ရေးရာကော်မတီ    ဥက္ကဌ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်နှင့် ပြည်နယ်ကော်မတီဝင် ဦးခင်မောင်ချို လောက်ကိုင်ခရိုင် ပါတီဥက္ကဌ ဦးထွန်းရင်၊ ခရိုင်အတွင်းရေးမှူး ဦးလျိုမောင်မောင်တို့ အဖွဲ့သည် ယနေ့ (၈-၃-၂၀၁၈) ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် ခရိုင်/ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေး ကော်မတီဝင်များနှင့်အဖွဲ့များအား လာရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေနှင့်          စည်းရုံးရေးလုပ်ငန်း လူငယ်ရေးရာ၊ သတင်းမီဒီယာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှုဆောင်ရွက်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးးနှင့်အဖွဲ့ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်လာရောက်တွေ့ဆုံ

‘ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဟိုပန်မြို့နယ် ပြည်ခိုင်ဖြိုးတီရုံး၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးး ဒေါက်တာလဆိုင်း၊ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဘဏ္ဍာရေးမှူးး ဦးစိုင်းခမ်းကော်နှင့် ပြည်နယ်ကော်မတီဝင် ဦးခင်မောင်ချို ၊ ကွမ်းလုံခရိုင်ပါတီ ဥက္ကဌ ဦးထွန်းရင်တို့အဖွဲ့မှ (၇-၃-၂၀၁၈) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်
ပြည်ခိုင်ဖြိုးအဖွဲ့များအား လာရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေ၊ စည်းရုံးရေးလုပ်ငန်း၊ လူငယ်ရေးရာ၊ သတင်းမီဒီယာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။