မဘိမ်းပြည်ခိုင်ဖြိုးပါတီမှ ရပ်/ကျေးပါတီ ကော်မတီအဖွဲ့များ တွေ့ဆုံ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊မဘိမ်းမြို့နယ် ပြည်ခိုင်ဖြုးပါတီရုံးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်နှင့် ပြည်နယ်ကော်မတီဝင် ဒေါက်တာမောင်တီ၊ မိုးမိတ်ခရိုင်ပါတီ ဥက္ကဌ ဦးစိုးမြင့် နှင့် ခရိုင်အတွင်းရေးမှူး ဦးမြင့်လှိုင်တို့အဖွဲ့သည်
ယနေ့ (၂၃-၃-၂၀၁၈)ရက်နေ့ နံနက် (၀၉း၃၀) နာရီ အချိန်တွင် ပါတီနာယကနှင့် အကြံပေးအဖွဲ့များ မြို့နယ်ပါတီ ကော်မတီဝင်များ ရပ်/ကျေးပါတီ ဥက္ကဌနှင့် ကော်မတီအဖွဲ့များအား လာရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စည်းရုံးရေးလုပ်ငန်း လူငယ်ရေးရာ၊ သတင်းမီဒီယာကိစ္စ ရပ်များကို ဆွေးနွေးညှိနှိုင်းမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Sai Kham Kaw